အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,931
လွန်ခဲ့သော ၃ နှစ် က · လယ်ဝေး

ဆရာတို့စပါးကိုBacteriaနဲ့ဖြုတ်ပိုးနဲ့ဘယ်လိုခွဲတယ်ဆိုတာလေးပြောပေးပါဆရာ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၃၅ ရက်
3

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 218,454 လွန်ခဲ့သော ၃ နှစ် က

Bacteria ပိုးကစပါးမှာကျရင်အရွက် ပင်စည်တို့မှာအညိုအမဲစက်စဖြစ်ပြီးနောက်တပင်လုံးကိုပြန့်သွားမယ်ဖြုတ်ပိုးကအပင်ပေါ်မှာအစိန်းရောင်အညိုရောင်ရှိသုံးမြောင့်ပုံပိုးကောင်လေးတွေရှိပြီလက်နဲ့တို့ကြည့်ရင်ဘေးကိုရှောင်သွးတတ်တယ်ပျံသွားတတ်တယ်သရက်ပင်ပွင့်ချိန်ဆိုအပင်အောက်ဝင်သွားရင်ခေါင်းပေါ်လာနားမယ်အပင်ကသစ်ရေကိုခြင်သွေးစုပ်သလိုစုပ်ယူတယ်အပင်အားပြတ်ပြတ်ပြီးမပင်မထနိုင်အစေ့ဆံမတယ်နိုင်ပါ

4,931 လွန်ခဲ့သော ၃ နှစ် က

ကျေးဇူးပါဆရာ

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၃ နှစ် က

ဖြုတ်ကျရင် ​ရေစပ်အထက် ဖြဲကြည့်ရင် ဖြုတ်​တွေ့ရမယ်။ အရွက်ဖျား​ခြောက်ရင်၊အကွက်လိုက်​ခြောက်တယ်။ဝါပြီး​ခြောက်တယ်။ ဘက်တီးရီးယားက ​ကောင်းတဲ့​နေရာကစပြီး တကွင်းလုံး​ အဖျား​ခြောက်တယ်။ အရွက်နား​လေး​တွေကစပြီး တဖြည်းဖြည်း​ခြောက်လိုက်လာတယ်။ ​ရောဂါရစပါးရွက်ကို ​ရေဖန်ခွက်အကြည်ထဲ ထည့်ကြည့်ရင် ​ဆေးလိပ်မီးခိုး​ငွေ့လို ထွက်တယ်ဆိုရင် ဘက်တီးရီးယား​ရောဂါပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဘာဆေးဖျန်းရမလဲဆရာတို့ခွံဝါတောင်ပျံတောအရွက်တေခြောက်ပြီးအလို့ဖြစ်နေပါတယ်ဗျကူညီကြပါဦးဆရာသမားတို့

ဖြေကြားချက် 3 ခု

ကျွန်တော့စပါးခင်းစပါးပင်သက်ရက်၆၀ရှိပါပြီအခုလိုဖြစ်နေလို့အကြံညဏ်လေးပေးကြပါဦးဗျ

ဖြေကြားချက် 2 ခု

ဆရာသမားတို့ဖြေပေးပါဦးနော် အကွက်လိုက်အကွက်တွေအဖျားခြောက်နေလို့ ဆေးညွှန်းပေးပါဦးနော် ဘက်တီးရီးယားရွက်ခြောက်လား...

ဖြေကြားချက် 6 ခု

ဆရာခဗျ ဘေးကလယ်တွေမှာဖြုတ်တွေကျနေလို့ ကို့လယ်ကကျတော့မကျသေးဘူး။ စပါးကပုံပါတိုင်းအနှံတော့စုံနေပါပီ။ခုနေရေပြောင်း...

ဖြေကြားချက် 5 ခု

ဘာပိုးပါလဲခင်ဗျာ စပါးပင်အပေါ်ပိုင်းမှာတွေ့တာပါ

ဖြေကြားချက် 5 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။