အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
aung maw
aung maw 474
လွန်ခဲ့သော ၃ နှစ် က · စစ်ကိုင်း

မြေပဲပင်တွေလျော့ပီးသူ့ရက်မပြည့်သေကုန်ပါတယ်5Gဆေးသုံးတယ်ပေါင်းသတ်ဆေးနဲ့ပိုးသတ်ဆေးသုံးတယ်အစပိုင်း2လအတွင်းရောဂါလက္ခဏာမပြပေမဲ့နောက်ပိုင်းစပြလာတယ်ဘာရောဂါလဲဘာဆေးသုံးရမလဲဘာကြောင့်ဖြစ်တာလဲဘယ်လိုကုသရမလဲအကြံဉာဏ်ပေးပါဦးဆရာတို့ရေ … အစဉ်လေးစားလျက်…

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၇၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး
Post image

ဖြေကြားချက် ၄ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,604 လွန်ခဲ့သော ၃ နှစ် က
ဤအဖြေဖြင့် ပြေလည်

အောက်ခံ​မြေက..သဲ​မြေလား..။ အပင်နုတ်ကြည့်ပါ(ခါးရိ/အမြစ်ပုပ်​နေပါသလား) အဇိုဇီစထိုဘင်+ဖို့စတိုင်း(၂ဇွန်း+၅ဇွန်း)အပင်​ခြေ​ရောက်​အောင်ဖျန်းပါ။ သဲဆန်​မြေဆိုရင် လာမည့်နှစ် သဘာဝ​မြေ​ဆွေး များများထည့်ပါ။ မျိုး​စေ့ချချိန် ထရိုင်ကိုဒါးမားထည့်စိုက်ပါ။ ဂျစ်ဆန် ၁ဧက/၂အိတ်ထည့်ပါ။ ​၁လသားအတွင်း ​နောက်၁ကြိမ် ဂျစ်ဆန်ထည့်ပါ။

aung maw
aung maw 474 လွန်ခဲ့သော ၃ နှစ် က

ပေါင်းသတ်ဆေးကရှင်းရှင်းပေါင်းသတ်ဆေးပါ၅Gကတော့ထိုင်းထုပ်မို့မသိပါဘူးဘာဆေးမှ ုန့်လဲလို့မျိုးစေ့ချပီး၇ရက်မှ၁၀ရက်အတွင်းပတ်ထားတာပါဂျစ်ဆန်မြေပြင်မှ ုန့်ကို၁ဧက၃လုံးနူန်းပတ်တယ်နွားချေးမြေသြဇာကကား၃ကျင်းစာကို၂ဧကခွဲမျှပတ်ထားတယ်မြေကသဲဆန်တယ်ဆိုပေမယ့်သဲမကြီးပါထရိုင်ကိုဒါးမားကဘယ်လိုဆေးမျိူးပါလဲလူးနယ်ချဆေးလလူးတဲ့အခါထည့်သုံးရပါသလားတစ်ဆိတ်လောက်အသေးစိတ်ထပ်ဖြေကြားကြပါဦးနော

U Mg Mg Htwe
U Mg Mg Htwe အတည်ပြုပြီး 218,458 လွန်ခဲ့သော ၃ နှစ် က

ပေါင်းသတ်ဆေးကမြေထဲမှာလွယ်လွယ်နဲ့ဓာတ်မပြယ်ဘဲမိုးရေနဲ့စိမ့်ပြီးမြေပဲပင်ကိုသတ်တာပါ

U Mg Mg Htwe
U Mg Mg Htwe အတည်ပြုပြီး 218,458 လွန်ခဲ့သော ၃ နှစ် က

5Gကဘာဆေးမှုံ့လဲ? ပေါင်းသတ်ဆေးလောင်ပြီးသေတာဖြစ်နိုင်တယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

၃လမြေပဲခင်း ရက်၄၀သါးမှာ ကျောက်မှုန့်မှာ ကယ်လဆီယမ်နဲ့ ရွက်ဖျန်းမှာပါ ကယ်လ်ဆီယမ် ပါတဲ့ဟာ ဘယ်ဟာပိုသုံးသင့်ပါသလဲ...

ဖြေကြားချက် 3 ခု

မှိုဆေး အသုံးပြုရန်တွက် ကန့် ၁၅ကျပ်သားသုံးပြုလျှင် ထုံး ဘယ်လောက်ထည့်ရမလဲ ရေဘယ်နှစ်လီထည့်ရမလဲ ဖြေကြားပေးပါခင်ဗျ

ဖြေကြားချက် 2 ခု

အပင်ကြီးထွားပြီး အသီးအပွင်တင်အောင်ဘယ်လို့လုပ်ရပါမလဲ..ဆရာတို့ခင်ဗျ🙏🙏🙏

ဖြေကြားချက် 1 ခု

ဆရာတို့မြေပဲမြေခံမယ်ဆိုရင်ကျောက်မှုန့်နဲ့မြေဆီဘယ်အရာကပိုကောင်းလဲ

ဖြေကြားချက် 3 ခု

ဆရာတို့မြေပဲကအစိုဓာတ်ဘယ်လောက်ဆိုရင်ပိုသင့်လဲအစိုဓာတ်ကဘယ်လိုတိုင်းလို့ရလဲဆိုတာပြောပေးပါ

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။