SRIစပါးအစွမ်းဖွင့်စိုက်ပျိုးနည်းစားအုပ်ကိုဖတ်ရတော့ တော်တော်လည်း ဝမ်းသာမိပါတယ်ခင်ဗျာ စပါးအထွက်နှုန်းက သာမာန်စ...
SRIစပါးအစွမ်းဖွင့်စိုက်ပျိုးနည်းစားအုပ်ကိုဖတ်ရတော့ တော်တော်လည်း ဝမ်းသာမိပါတယ်ခင်ဗျာ စပါးအထွက်နှုန်းက သာမာန်စပါးခင်းထက်ပိုထွက်နေတော့ ဝမ်းသာမိပါတယ် ဒါပေမဲ့ နားမလည်တာက အဲဒီနည်းကို နွေစပါးတခုတည်းဘဲရတာလား မိုးစပါးကမရဘူးလားခင်ဗျာ စပါးအစွမ်းဖွင့်စိုက်ပျိုးနည်းမှာဆိုယင် ၁ ကောက်သက်ငယ်ငယ်နဲ့စိုက်ပါတယ် အဲဒီအစား စပါးအညှောက်ပေါက်စကို အတမ်းလိုက်ချပေးတာနဲ့ကွာခြားမူရှိပါသလား ၂ ေမြကိုပတ်ကြားကွဲအောင်ထားပါတယ် ဒါဆိုယင်စပါးအမြစ်ကအဲဒီလောက်မာလားတဲ့မြေကြီးကိုထိုးဖောက်နိုင်ပါသလားခင်ဗျာ နားမလည် တာကတော့ ကျနော့ဒေသမာ ကုန်းစပါးက ရေထဲကစပါးလောက်မကောင်းပါဘူခင်ဗျာ စပါးသားတက်ထွက်တာ အပင်ကြီးတာကစလို့အယင်းကိုကွာခြားပါတယ် ရေအိုင်ထဲကစပါးဆိုသားတက်တွေအများကြီးထွက်ပါတယ် ကွာခြားမူတွေကို ပြေပြပေးပါ ကျနော့အမြင်ပါ မိုးစပါးဆိုယင် ပျိုးသက်ငယ်ငယ်နဲ့ အမြစ်မစွဲဘဲ မြေပေါ်တင်ထားယင် မိုးရေကြောင့်အမြစ်စွဲနိုင်မယ်လို့မထင်ပါ