ဖြေကြားချက် ၁ ခု
တကယ်တော့ အပင်အနေအထားနဲ့ ဆေးနုန်းထားကို ချင့်ချိန်နိုင်တဲ့ အသိက အဓိကဘို့ထင်ပါတယ်။ တသမတ်တည်းမယူစေချင်ပါ။ ဥပမာ..ပဲပင်က မြေသြဇာကောင်းလို့အပင်ကောင်းပြီး စိမ်းစိုနေရင် ပုလဲကို မသုံးသင့်ပါ။ သို့မဟုတ်အနည်းငယ်သာသုံးပါ။ သို့ပါ၍ ပဲမြစ်ဖု ပါသော်သီးနှံတွေမှာ Nကို သူ့အလိုလို ဖမ်းယူနိုင်ပါတယ်။ ရေ၄ဂါလံ ဆေးတပုံး= ယူရီးယား ၁၆ဇွန်း ထည့်ရင် များလွန်းပါတယ်။ နေပူ/ရေငတ်ချိန်မှာ ဖျန်းရင် အရွက်လေးတွေ လောင်နိုင်ပါတယ်။ (နုန်းထား အနိမ့်နဲ့သာအသုံးပြုပါ၊ဖြစ်နိုင်ရင် ပုလဲ.မသုံးစေချင်ပါ၊အခြား အသင့်သုံး ရွက်ဖျန်းမြေသြဇာတွေ ရှိပါတယ်)
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဆရာဗျ ရွက်ဖျန်းမြေသြဇာထည့်တဲ့ခါ အရည်ဆို40cc/mlဆိုရင်သိတယ် အထုတ်ကအမုန့်ဆိုရင် ဘယ်လိုတိုင်းထည့်မလဲ အရည်volumeန့ဲ...
ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ခင်းကို ဓာတုရွက်ဖျန်းအားဆေးနဲ ငါ အမိုနို ရော ဖျန်းလို့ရလားခင် ဗျား အပင်ပိုင်းကြီးထွာဖိုအတွက် အ...
ဖြေကြားချက် 2 ခု
ဆရာတို့မြေပဲစွယ်ဆင်းချိန်မှာစွယ်ချအားကောင်းအောင်ဘယ်အရာသုံးရမလဲ
ဖြေကြားချက် 4 ခု
စပါးပန်းစပွင့်နေပါပြီ။ရွက်ဖြန်းအားဆေးဖြန်းလို့ ရနိုင်ပါသေးလားခင်ဗျာ။
ဖြေကြားချက် 1 ခု
စပါးကို ရွက်ဖြန်းမြေသြဇာရည်ဖျန်းခြင်းသည် ထိရောက်မှုရှိနိုင်ပါသလား။NPKမြေသြဇာ၏ တစ်ခုခြင်း မြေတွင်းပျော်ဝင် အ...
ဖြေကြားချက် 2 ခု