မှိုသံတရာလို့ပဲပြောရမလားဗျာ။မစဉ်းစားတတ်အောင်ပါပဲဗျာ။ရောဂါဖြစ်တာ(၂)နှစ်လောက်ရှိပါပြီ။ကျွန်တော်တို့ဆီမှာ စပါး...
မှိုသံတရာလို့ပဲပြောရမလားဗျာ။မစဉ်းစားတတ်အောင်ပါပဲဗျာ။ရောဂါဖြစ်တာ(၂)နှစ်လောက်ရှိပါပြီ။ကျွန်တော်တို့ဆီမှာ စပါးနှင့်ကြက်သွန်အလှည့်ကြစိုက်ပါတယ်။စပါးသိမ်းပြီးရင် ကြက်သွန်နီကိုရေဖျန်းနည်းဖြင့် စိုက်ပျိုးကြပါတယ်။ဖြစ်တာက ကြက်သွန်နီမှာပါ။ဇော်မွှား(ဥစိုက်)ကနည်းပါတယ်။ပျိုးပြီးရွှေ့ပြောင်းစိုက်ကြတာပါ။ကြက်သွန်ပျိုးကကျွန်တော်တို့အတူတူပျိုးတာပါ။တခြားအကွက်မှာ(ကျွန်တော့အစ်မ)စိုက်ခင်းမှာမဖြစ်ပါခင်ဗျာ။စိုက်ခင်းချင်းလည်းဝေးပါတယ်။မြေအမျိုးအစားလည်းမတူပါ။ကျွန်တော့်စိုက်ခင်းမှာဖြစ်တာပါ။ပျိုးသက်(၄၀)ရက်သားဝန်ကျင်လောက်မှာစိုက်ခင်းထဲပြောင်းစိုက်ပါတယ်။စိုက်ပြီးချင်း မဖြစ်ပါ။စိုက်ပြီး(ပျိုးသက်မပါ)တစ်လခွဲသားလောက်မှာဖြစ်တာပါ။အပင်အမြစ်စွဲ၊အမြစ်ပွားချိန်။ကြက်သွန်နီစကောင်းချိန်မှာေရာဂါစဖြစ်တာပါ။ဖြစ်တာက အပင်လက်လေးတွေဝါလာတယ်။နှုတ်လိုက်ရင် အမြစ်တွေမပါလာတော့ပါ။မှိုပုံစံဖြူညစ်ညစ်တွေခေါင်းဖုနားတစ်ဝိုက်မှာတွေ့ပါတယ်။တစ်ပင်၊နှစ်ပင်ကစ တဖြေးဖြေးများလာပါတယ်။စကောတစ်ချပ်စာနေရာ။ထို့နောက် ဖျာတစ်ချပ်စာနေရာ။အကွက်လိုက် ဖြစ်ပါတယ်။ပုံစံတူဖြစ်တာပါ။ကျွန်တော်နဲ့စိုက်ခင်းနီးတဲ့သူငယ်ချင်းကတော့ပျိုးကတည်းကကိုဖြစ်တာပါ။သူကတော်တော်ဆိုးပါတယ်။ကျွန်တော်လည်းတော်တော်အထွက်နှုန်းလျော့ပါတယ်။ကျွန်တော်နဲ့ပျိုးချင်းအတူစိုက်သူ စိုက်ခင်းမှာ ဘာမှမဖြစ်ပါ။ကျွန်တော့စိုက်ခင်းမှာအထက်ဖော်ပြပါ (ကြက်သွန်အမြစ်မှိုရောဂါလို့)ပြောရမလားမသိဖြစ်တာပါ။မြေကွက်ကလည်းဒီမြေကွက်ပဲပြန်စိုက်ရမှာပါ။ဘယ်လိုလုပ်ရမလဲမသိတော့လို့ပါဗျာ။တကယ်ပါ။ကြက်သွန်ပျိုးရော၊စိုက်ပျိုးမည့်မြေကိုရော ဘယ်လိုဘယ်ပုံကြိုတင်စီမံလုပ်ဆောင်ရမယ်ဆိုတာ ကျေးဇူးပြုပြီးအကြံပေးဆွေးနွေးပေးကြပါခင်ဗျာ။စိုက်ပျိုးေရးပညာရှင်ကြီးများ၊အတွေ့အကြုံရှိဝါရင့်တောင်သူကြီးများအားလုံးကို အကူအညီတောင်းခံပါရစေခင်ဗျာ။စပါးေလှ့တဲ့ေနရာရှိကောက်ရိုးဆွေးနှင့်စပါးစေ့အမှိုက်များကလည်းမှိုစသည့်ရောဂါဖြစ်တတ်ပါသလားခင်ဗျာ။(အားလုံးပဲစာရှည်သွားလို့တောင်းပန်ပါရေစခင်ဗျာ)။