အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
764
လွန်ခဲ့သော ၂ နှစ် က · သာပေါင်း

ပဲမြစ်ဖုဇီဝမြေဩဇာဆိုတာဘယ်လိုဟာမျိုးကိုခေါ်တာပါလဲ၊စိုက်ပျိုးရေးဆေးဆိုင်တွေမှာဝယ်လို့ရပါသလား

စိုက်ပျိုးနည်း မတ်ပဲ ပဲမြစ်ဖု ဇီဝမြေဩဇာ
2

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 218,454 လွန်ခဲ့သော ၂ နှစ် က
ဤအဖြေဖြင့် ပြေလည်

ပဲမြစ်ဖုမြေသြဇာကိုမိမိကိုယ်တိုင်ပြုလုပ်လိုရင်မိမိစိုက်မည့်ပဲပင်ကရိပ်သိမ်းချိန်တွင်ပဲမြစ်ဖုများကိုစုဆောင်းပြီးအေးမှောင်ခြောက်သွေ့တဲ့နေရာမှာပုလင်းထဲထည့်ပြီးတစ်လနှစ်လခန့်ထားပြီးသုံးခါနီးမှာကြိတ်ပြီးဆန်တေးရည်အနည်းငယ်တွင်ဖျော်ပြီးစိုက်မည့်ပဲနဲ့လူးပြီးညနေခင်းမှာစိုက်ပါ

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၂ နှစ် က

ပဲမြစ်ဖုဇီဝမြေသြဇာဆိုတာ ပဲမျိုးနွယ်ဝင်အပင်တွေရဲ့ အမြစ်မှာ မြစ်ဖုအဖြစ်တည်ဆောက်နေပြီး လေထဲမှ နိုက် ထရိုဂျင်ကို ဖမ်းယူပေးနိုင်တဲ့ ရိုင်ဇိုဘီယမ်ဘက်တီးရီးယားတွေပါဝင်တဲ့ မြေသြဇာဖြစ်ပါတယ်။ ပဲမြစ်ဖု ဘက်တီး ရီးယားတွေဟာ ပဲမျိုးအလိုက် လေထဲမှနိုက်ထရိုဂျင်ကို တစ်ဧက (၄၀-၁၅၀)ပေါင်ထိ ဖမ်းယူပေးနိုင်ပြီး ပဲမျိုးစုံ သီးနှံအထွက်ကို (၂၀-၅၀)%ထိ တိုးတက်စေနိုင်ပါတယ်။ ပဲမြစ်ဖုဇီဝမြေသြဇာကို မြေပဲ၊ ကုလားပဲ၊ မတ်ပဲ၊ ပဲတီ စိမ်း၊ ပဲပုပ်၊ ပဲလွမ်းနဲ့ ပဲစင်းငုံသီးနှံတွေအတွက် ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိပါတယ်။ မြို့နယ် စိုက်ပျိုး​ရေးဦးစီးဌာန နဲ့ စိုက်-သု​တေသန(​ရေဆင်း)မှာ ဝယ်ယူနိုင်ပါတယ်။

You

ဆက်စပ်မေးခွန်းများ

ပဲမြစ်ဖုမြေသြဇာကို ကိုယ်တိုင်ပြုလုပ်သည့်အခါ အုန်းဆံမုန့်/လွှစာမုန့်နဲ့မပွားပဲ ထိရောက်မှု ကောင်းစေရန် နို့အချဥ်...

ဖြေကြားချက် 1 ခု

ဒါဟာမြစ်ဖုနီမတုတ်ရောဂါလားခင်မျဘယ်လိုကုသလို့ရလဲခင်မျဝါနေတဲ့အပင်တွေမှာလဲအဲ့လိုအဖုလေးတွေတွေ့နေပါတယ်

ဖြေကြားချက် 1 ခု

ရိုင်ဇိုဘီယမ်နဲ့ထရိုင်ဂိုဒါးမားတို့ကို မန္တလေးဘယ်နားမှာရနိုင်ပါသလဲခင်ဗျ

ဖြေကြားချက် 1 ခု

မင်္ဂလာပါ green way ဒီလကုန်လောက် ပဲစင်းငုံနီစိုက်ဖိ့ုစီစဉ်ထားပါတယ် စိုက်ချိန်မျိုးစေ့ကို ပဲမြစ်ဖုဇီဝမြေသြဇာ...

ဖြေကြားချက် 3 ခု

ပဲမြစ်ဖုမြေသြဇာဆိုတာဘယ်လိုဆေးမျိုးကိုခေါ်ပါသလဲရှင်းပြပေးပါဆရာတိ့

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။