ဖြေကြားချက် ၁ ခု
၁၈၊၁၉မှာ မုန်တိုင်းမိုးလာနိုင်တယ် ဆိုတဲ့သတင်း အရ ၊စိုက်သင့်/မစိုက်သင့် မေးချင်ပုံရပါတယ်။ တကယ်လည်း ဒွိဟ ဖြစ်စရာပါ။ အတတ်နိုင်ဆုံးအမှားနည်းအောင် ဖြေရရင်.. မြေစိူနေတယ်၊ထယ်ရေးမလုပ်ရသေးရင်၊ခုတ်ဖုံး လုပ်လိုက်ပါ။ မတ်ပဲက မိုးမိဒဏ်ခံနိုင်တဲ့အတွက်၊.စိုက်ပြီးမုိးမိမှာ ၊ပျက်စီးမှာ မစိုးရိမ်ပါနဲ့၊ (အပင်ပေါက်ကို တပတ်လောက်.ရေအောက်ရောက်ရင်တော့ မရဘူးပေါ့နော်) မုန်တိုင်းပြီးမှ ပဲကြဲမည်ဆိုပါကလည်း..နိုဝင်ဘာလအတွင်း ကြဲချိန်မီရင် ရနိုင်တာပါဘဲ။ ဆိုတော့ကား..၂မျိုးလုံးကတော့ အမှားအမှန် ခွဲခြားရခက်ပါတယ်။ ကျနော်ဆိုရင်တော့..ထွန်ရေးပိုင်ပိုင်နိုင်နိုင်နဲ့ စိတ်တိုင်းကျ.မြေပြင်ဆင်ပြီးသားဆိုရင် ကြဲလိုက်တော့မယ်။ (အပင်သက်စောယူချင်လို့) မြေစိုလို့ ထယ်ရေးအဆင်သင့်မဖြစ်သေးရင် မုန်တိုင်မိုးစောင့်ပြီးမှ ကြဲတော့မယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဧရာဝတီတိုင်းကျုံပျော်ကပါအခုချိန်မတ်ပဲပက်ရင် ဓားကုတ်ပဲအဆင်ပြေသေးလား ထွန်ရင်အဆင်ပြေလား ဖြေပေးပါဦးဆရာတို့
ဖြေကြားချက် 3 ခု
မိုးများလို့ ပဲစိုက်ရန် မည်သို့ပြုလုပ်ရမည်လဲ မျှဝေပေးပါ
ဖြေကြားချက် 2 ခု
မတ်ပဲ စိုက်ပျိုးခြင်း နည်းပညာအကြောင်းလေးမေးချင်လို့ပါဆရာ ၁း ထယ်ရေးဘယ်လောက်ထွန်ယက်ကမလဲ ၂း အပင်ငယ်စဉ် စထွက်လာတဲ့...
ဖြေကြားချက် 5 ခု
မက်ပဲ ကပန်းဘယ်နှစ်ရက်သားမှာ စပွင့်ဘာသလဲ ခဗျာ ဖြေကြားပေးဘာ
ဖြေကြားချက် 2 ခု
ဆရာခင်ဗျ ပဲတခါမှမစိုက်ဘူးတဲ့လယ်မြေမှာမတ်ပဲစိုက်မယ်ဆိုရင်မြေကျင့်ဖို့လိုလား အထွက်နူန်းရောကောင်းပါ့မလား ရှုံး...
ဖြေကြားချက် 5 ခု