အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
223
လွန်ခဲ့သော ၂ နှစ် က · မအူပင်

ပိုးသတ်ဆေးနဲ့ အားဆေး ရောစပ်ပြီး သုံးလို့ရပါသလား ဆေးဖြန်းထားပြီးနောက် ဘယ်နှစ်ရက်ခွာပြီး ပြန်ဖြန်းလို့ရပါသလဲ(...

ပိုးသတ်ဆေးနဲ့ အားဆေး ရောစပ်ပြီး သုံးလို့ရပါသလား ဆေးဖြန်းထားပြီးနောက် ဘယ်နှစ်ရက်ခွာပြီး ပြန်ဖြန်းလို့ရပါသလဲ(မှိုဆေး/ပိုးသတ်ဆေး/အားဆေး) ဆေးအမျိုးအရေတွက် များရင် ဆေးပါသုံးစွဲရမယ့်ပမာဏလျော့ဖို့လိုပါသလား ဆာလဖာဆေးကို ၃ ကြိမ်ထက်ပိုသုံးစွဲရင်ဘာဖြစ်တတ်ပါသလဲ ဆရာတို့ခင်ဗျာ ကျေးဇူးပြုပြီးဖြေပေးပါခင်ဗျာ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၉၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက်
ပိုးမွှားရောဂါ ငရုတ်သီး မရောသင့်သော ဓာတုဆေးများ

ဖြေကြားချက် ၃ ခု

223 လွန်ခဲ့သော ၂ နှစ် က

ကျေးဇူးပါဆရာတို့ ကျနော်တို့ဘက်မှာ အရွက်လိပ်တာတော်တော်ဖြစ်နေပါတယ် အဲ့ဒါကို ပရိုမက်တင် ဒီမွန် အ့ဆေးတွေက အဘာမက်တင်အုပ်စုပါဆရာ ကျနော်ထင်တာ ဆေးနဲ့ပိုးကောင်လွဲနေတယ်ထင်တယ်ဆရာ ဒါပေမယ့် အ့ဆေး ၂ မျိုးကို ဆေးဆိုင်ကလဲညွှန်းပြီးရောင်းသလိုအခင်းရှင်တွေကလဲ သုံးနေကြတယ် ကျနော်ထင်တာ ယင်ဖြူကြောင့် အရွက်လိပ်တယ်လို့ထင်ပါတယ်ဆရာတို့

အတည်ပြုပြီး 218,454 လွန်ခဲ့သော ၂ နှစ် က

မသုံးသင့်ပါပထမဆေးဖျန်းပြီးရောကာသက်သာပျောက်မပြောက်ကြည့်ပြီးမပြောက်မှအခြားဆေးပြောင်းသုံးပါဆေးရောသုံးမယ်ဆိုပါကတစ်မျိုးစီကိုသု့အချိုးအတိုင်းသုံးမှရတယ်နှစ်မျိုးကိုသုံးရင်ဆေးအချိုးကနှစ်ဆဖြစ်သွားရင်အပင်ကိုထိခိုက်နိုင်တယ်တစ်ဝက်စီဘဲသုံးရင်လဲဆေးအာနိသင်မရှိဘဲရောဂါကဆေးပီးသွားမယ်

အတည်ပြုပြီး 1,116,120 လွန်ခဲ့သော ၂ နှစ် က

ပိုးသတ်​ဆေးနဲ့အား​ဆေး တွဲဖျန်းပါ။ ၅ရက်ခြားပြီး မှိုသတ်​ဆေးဖျန်းပါ။ ပိုး+မှို+အား​ဆေး တွဲမဖျန်းရပါ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။