အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,954
လွန်ခဲ့သော ၂ နှစ် က · သာပေါင်း

NPK 15:15;15တွင်ပါ၀င်သော အဟာရများသည် မည်သည့်ရက်ကြာမှာစတင်အာနိသင်ပြု၍ရက်မည်မျှကြာထိအာနိသင်ပြု ကြာချိန်တစ်ခုစီသိ...

NPK 15:15;15တွင်ပါ၀င်သော အဟာရများသည် မည်သည့်ရက်ကြာမှာစတင်အာနိသင်ပြု၍ရက်မည်မျှကြာထိအာနိသင်ပြု ကြာချိန်တစ်ခုစီသိပါရစေ ခင်ဗျာ။

စိုက်ပျိုး ရေ စပါး ဓာတ်မြေသြဇာများအကြောင်း

ဖြေကြားချက် ၃ ခု

353 လွန်ခဲ့သော ၂ နှစ် က
582 လွန်ခဲ့သော ၂ နှစ် က

ဆရာခဗျ နည်းနည်းကျွေးရမှာ တစ်ဧက ကိုဘယ်လောက်နှုန်းလောက်လဲဗျ ဘယ်နှစ်ရက်ခြားလောက်ကျွေးသင့်တာလဲခဗျ မိုးစပါးအတွက်ပါဗျ

အတည်ပြုပြီး 218,454 လွန်ခဲ့သော ၂ နှစ် က

၁၅ ပတ်လည် မြေသြဇာရဲ့အာနိသင်မှ နိုက်ထရိုဂျင်ကတော့အပင်ကိုချက်ချင်းဆိုသလိုရေထဲပျော်ဝင်ပြီးအမြစ်နှင့်ထိတွေ့တာနဲ့အပင်ကအသုံးပြုနိုင်ပြီးမြေကြီးထဲကောလေထုထဲပါoxidized ဓာတ်တိုးနည်းဖြင့်အချိန်ကာလအနည်းငယ်အတွင်းဆုံးရှုံးသွားနိုင်တယ် ဖော့စဖိတ်ကတော့မြေကြီးထဲတွင်ဖြေးဖြေးပျော်ဝင်ပြီးအပင်များကလိုသလောက်မစုပ်ယူနိုင်ပါမြေသားများကလလဲစုပ်ယူထားသဖြင့်အပင်များလိုသလောက်တခါတည်းစုပ်မယူနိုင်ပါမြေကြီးထဲမှာအပင်သက်တန်းတလျောက်နဲနဲစီစုပ်ယူနိုင်တယ်ပိုတက်ကတေါ့ထည့်လိုက်ချိန်အစိုဓာတ်ရှိနေရင်ပျော်ဝင်သွားပြီးအပင်ကလိုသလောက်စုပ်ယူနိုင်ပြီးကျန်တာတွေကရေစီးထဲပါသွားပြီးဆုံးရှုံးသွားမယ်မီုးများများရွာရင်မြန်မြန်ကုန်သွားမယ်မိုးမရွာရင်ကြာကြာမြေထဲမှာရှိနေမယ်ဒါကြောင့်နိုက်ထရိုဂျင်နဲ့ပိုတက်ကိုနည်နည်းနဲ့ခဏခဏကြွေးခိုင်းတာပေါ့

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။