အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
366
လွန်ခဲ့သော ၂ နှစ် က · ကျောက်ဖြူ

မင်္ဂလာပါ ဆရာတို့ နောက်နှစ် နွေကျရင် ဖရဲသီးစိုက်ချင် မြေခံအနေနဲ့ ဘာမြေဩဇာတွေကို သုံးရမလဲ ဗျ အပင်စိုက်ပြီးရင်...

မင်္ဂလာပါ ဆရာတို့ နောက်နှစ် နွေကျရင် ဖရဲသီးစိုက်ချင် မြေခံအနေနဲ့ ဘာမြေဩဇာတွေကို သုံးရမလဲ ဗျ အပင်စိုက်ပြီးရင်ရော ဘာမြေဩဇာတွေကို ဘယ်အချိန်မှာသုံးရမလဲ အပွင့်အသီးအတွက်ရော ဘာမြေဩဇာသုံးရမလဲ ဆေးအနေနဲ့ရော ဘာဆေးတွေဆောင်ထားရမလဲ ဖရဲသီးအတွက်အခြားလိုအပ်တဲ့ ဆောင်ရန် ရှောင်ရန်များရှိရင်လည်း လမ်းညွှန် သင်ကြားပေးကြဖိုးတောင်းဆိုပါတယ် (အပင် 500လောက်စိုက်ချင်လို့ပါဗျ တပင်ကို 3လုံးပဲထားမယ်လို့ စဉ်းစားထားလို့) ကူညီပေးကြပါနော်🙏🙏🙏

ဖြေကြားချက် ၄ ခု

အတည်ပြုပြီး 218,454 လွန်ခဲ့သော ၂ နှစ် က
ဤအဖြေဖြင့် ပြေလည်

ဖရဲစိုက်ခင်းမြေခံအနေဖြင့်သဘဝမြေသြဇာတီစူပါနှစ်အိတ်နဲ့ပိုတက်တစ်အိပ်တစ်အေကအတွက်လိုမယ်သလာဝမြေသြဇာကတတ်နိုင်သလောက်ထည့်ပါများလေကောင်းလေဘဲအပင်ပေါက်ပြီး၁၅ ရက်သားတွင်ပုလဲကြွေးပါအသီးရင့်ခါနည်းပိုတက်ကြွေးပါ

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၂ နှစ် က

ပင်လုံးပြန့်​ဆေးအုပ်စု အဆီတာမီပရစ် ၇-၁၀ရက်ခြားဖျန်းပါ။ သိုင်ယာမိသိုဇင်၊အလှည့်ကျဖျန်းပါ။ တပင်၃လုံး ယူဖို့ဆိုရင် အစာ​ကျွေး၊​ရေ​ပေးမှန်ရမယ်၊အသီးညပ်မယ်...

366 လွန်ခဲ့သော ၂ နှစ် က

ဆေးအနေနဲ့ဘာတွေ ဆောင်ထားရမလဲ ဆရာတို့ရေ လမ်းညွှန်ပေးပါအုန်း တပင် 3လုံးယူမယ်ဆိုရင် အဆင်ပြေ မပြေ ပြောပြပေးပါအုန်း

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၂ နှစ် က

သဘာဝ​မြေ​ဆွေး၊အီးအမ်ဘိုကာရှီ ရသ​လောက်စုပြီယထည့်ပါ။​မြေပြင်ချိန် မှာ ဂျစ်ဆန်.ထည့်ပါ။ ထည့်ပြီးသား သဘာဝ+ဓါတ်​မြေသြဇာ​တွေကို ​မြေကြီနဲ့ သမ​အောင် ထယ်ထိုးထွန်​မွှေပြီး ကြိုနှပ်ထားပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။