အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၂ နှစ် က · တပ်ကုန်း

လယ်မြေလေးတစ်ကွက်ရှိလို့စိုက်ပျိုးရေးလေးဝါသနာပါလို့စိန်တစ်လုံးသရက်ခြံလေးစိုက်ထားချင်လို့အခုမှစပြီးစိုက်မလို့...

လယ်မြေလေးတစ်ကွက်ရှိလို့စိုက်ပျိုးရေးလေးဝါသနာပါလို့စိန်တစ်လုံးသရက်ခြံလေးစိုက်ထားချင်လို့အခုမှစပြီးစိုက်မလို့ပွင့်ပွင့်လင်းပြောရရင်မစိုက်ဖူးတော့တစ်ခုခုဖြစ်သွားမှာလည်းစိုးရိမ်တယ်ဘယ်လိုမျိုးတွေစိုက်ရမလည်ဘာတွေလျှောင်ရမလည်းဘာတွေဘယ်လိုတွေလုပ်ရမလည်းဆိုတာသိချင်ပါတယ်ဆရာတို့😍

စိုက်ပျိုးနည်း သရက် သရက်စိုက်ပျိုးနည်း

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၂ နှစ် က

မျိုး​ကောင်းမျိုးသန့်ဖြစ်ဖို့ နံပတ် ၁ပါဘဲ။ စိနိတလုံး ကိုင်းဆက်မျိုး ​ကောင်း​ကောင်း ရှာထားပါ။​ကျောက်ဆည်မျိုး​ကောင်းပါတယ်။ စိုက်မယ့်​မြေ​နေရာ /ကျင်း​နေရာ သဘာဝ​မြေ​ဆွေး နဲ့ ကြိုနှပ်ထားပါ။၃​ပေပတ်လည်ကျင်း​တွေနဲ့ ​မြေသြဇာကြိုနှပ်ထားနိုင်ရင် ပို​ကောင်းပါတယ်။ စိုက်တန်း အစိပ်အကျဲ ကို တွက်ဆနိုင်ဖို့ လက်ရှိသရက်ခြံ​တွေကို ကြို​လေ့လာထားပါ။ စိပ်စိပ်စိုက်ရင် ကိုင်းပြုပြင်​ပေးရပါတယ်။ နည်းပညာ​တွေက​တော့ အများကြီးပါ။ ​ခေတ်အရ/​စျေးကွက်အရ/​မြေအ​ခြေအ​နေ/​ရေအ​ခြေအ​နေအရ လုပ်သင့်မလုပ်သင့် ချင့်ချိန်ဖို့ အ​ရေးကြီးတာပါ။ လုပ်မယ်ဆိုရင် နည်းစနစ်​တွေရှိပြီးသားပါ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မုံရွာကပါ တနယ်မြေမှာသရက်ပင်စိုက်ဖို့ မြေကျင်းထဲကို သဲနှုံးနဲ့နွားချေးထည့်ပီး ရေနှပ်ထားရသေးလားဗျ🙏🙏🙏

ဖြေကြားချက် 1 ခု

စိန်တလုံး သရက်ရဲ့ အဖူးဖူးချိန် အရွက်ညွှန့်ထွက်ချိန် အသီးကင်းဝင်ချိန် ကစ ရင့်မှည့်ချိန်ထိ အသေးစိတ်သိချင်လို့ပါ...

ဖြေကြားချက် 4 ခု

ဥယျာဥ္ခြံသီးနှံလို့ယူဆရတဲ့စိန်တစ်လုံးသရက်ကိုစိတ်ကူးယာဥ္ပြီးဝါသနာအလျှောက်စိုက်ပျိုးပြုစုလာခဲ့တာနှစ်ပေါင်းတစ်...

ဖြေကြားချက် 2 ခု

စိန်တလုံးသရက်က ကိုင်းကူးအပင်ကကောင်း အစိကနေအပင်ကကောင်းလား ဘယ်နည်းကပိုပြီးအဆင်ပြေနိုင်မလဲ အကြံပေးကျပါလားဗျ

ဖြေကြားချက် 2 ခု

စိန်တစ်လုံး သရက်ပျိုးထောင်နည်းလေး သိချင်ပါတယ်ရှင့်

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။