အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,643
လွန်ခဲ့သော ၂ နှစ် က

ဆရာတို့ခင်ဗျာ သည်နှစ် ငရုတ်သီး စျေးက မနှစ်ကထက် ထက်ဝက်မက စျေးကျဆင်းသွားပါတယ် ဘာကြောင့် စျေးက မထင်ထားလောက်အောင်...

ဆရာတို့ခင်ဗျာ သည်နှစ် ငရုတ်သီး စျေးက မနှစ်ကထက် ထက်ဝက်မက စျေးကျဆင်းသွားပါတယ် ဘာကြောင့် စျေးက မထင်ထားလောက်အောင် စျေးက ကျဆင်းသွားရတာလည်း ငရုတ်သီး​ခြောက် စျေး တက်နိုင်ချေရှိလား လှောင်ထားသင့်လား မလှောင်ဘဲ ထုတ်ရောင်းသင့်လားဗျ ဖြေကြားပေးကြပါဦးခင်ဗျာ

စိုက်ပျိုးစီးပွား ငရုတ်သီး ငရုတ်ဈေးကွက်

ဖြေကြားချက် ၄ ခု

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၂ နှစ် က

ဂျူလိုင် လ ရယ်၊ ​​ေအာက်တိုဘာလလယ်​လောက် တက်တတ်ပါတယ်။နယ်စပ် လမ်း​ကြောင်း အဓိကလို့ထင်ပါတယ်.

1,643 လွန်ခဲ့သော ၂ နှစ် က

စျေးက တက်မယ်ဆို ဘယ်လလောက်မှာ စျေး တက်လေ့ရှိသလဲ ဆရာ

1,643 လွန်ခဲ့သော ၂ နှစ် က

ကျနော်က သင်္ကြန်အပြီးလောက် တက်မယ်ထင်ခဲ့တာဆရာ စျေးကွက်က ငြိမ်နေတာ သည်အတိုင်းဆက်သွားနိုင်လား တက်နိုင်ခြေရှိသလားလို့ပါ ကျနော်ကလည်း သည်နှစ်မှ စိုက်ဧကများတာ

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၂ နှစ် က

ကျရင်​လှောင်၊တက်ရင်​ရောင်း စကားဆို ကြားဖူးပါတယ်။ ဝယ်လိုအားနည်း​နေလို့ ​စျေးကျတာပါ။ တဖက်က လမ်း​ကြောင်းပွင့်တာနဲ့ ​စျေးလှုပ်လာပါလိမ့်မယ်။ ငရုတ်စိုက်ဧက​တွေ များလာတာ သတိပြုမိပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။