အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဦးငယ်လေး
လွန်ခဲ့သော ၂ နှစ် က · ပြည်

ဆရာတို့နှမ်းရိုးမဲအတွက် ကာကွယ်ဆေးလေးတွေပြောပြပါဥိးခင်ဗျာ နှမ်းပင်ဘယ်နှစ်ရက်သားမှာဖျန်းသင့်လဲသိချင်ပါတယ်ခင်ဗျာ

ပိုးမွှားရောဂါ နှမ်း နှမ်းရိုးမည်းရောဂါ

ဖြေကြားချက် ၁ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,604 လွန်ခဲ့သော ၂ နှစ် က

နှမ်းရိုးမဲ​ရောဂါက ရာသီဥတု ပူတာနဲ့ ဘက်တီးရီးယား ​ရောဂါ ပါ ပတ်သက်​နေတယ်လို့ယူဆပါတယ်။ ဒါ​ကြောင့်..သဲဆန်တဲ့ နှမ်းခင်း​တွေ၊​နေအရမ်းပူပြီး ရုတ်တရက် မိုးကြီးရွာရင် ရိုးမဲဝင်နိုင်​ချေ များပါတယ်။ အခုကတည်းက ဂျစ်ဆန် ​ကျွေးထားခြင်း၊ အပင်​ခြေ မပူ​အောင် ​မြေဖုံးသ​ဘောမျိုး ကြားထွန်ဝင်ထားခြင်း၊ ​​မြေကပ်​ပေါင်းပင်​လေး​တွေ ​မွေးထားခြင်း၊ မိုးရွာအပြီး ​ကော့ပါး​ဆေးဖျန်းခြင်း၊ဖို့စတိုင်းအလူမိနိယံ ဖျန်းထားခြင်း ပြုလုပ်သင့်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။