အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စောဝင်းနိုင်
လွန်ခဲ့သော ၂ နှစ် က

ဆရာတို့ ခင်ဗျား ကျနော်တို့ နယ်ဘက်မှာ ပဲစင်းငုံ အပွင့် ပွင့် ပြီး စသီးသည့် အချိန် မှာ အပင်များ သေဆုံးခြင်း၊ ထောင်လဲခြင်းများ ဖြစ်ပေါ် ပါတယ် ခင်ဗျ ။ ဘာ့ကြောင့် ဖြစ်တာလဲ ဆိုတာ ဖြေကြားပေးစေချင် ပါတယ် ခင်ဗျ။

စိုက်ပျိုး ရေ ပဲစင်းငုံ ကုလားပဲမြစ်ခြောက်ဆွေးရောဂါ

ဖြေကြားချက် ၁ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,618 လွန်ခဲ့သော ၂ နှစ် က

ပဲပင် အမြစ်ခြောက်ဆွေးရောဂါ လို့သုံးသပ်ပါတယ်။ အပွင့်အသီးဝင်ချိန်မှာ ဖြစ်တတ်ပါတယ်။ အပင်နုတ်ကြည့်ပါက ရေသောက်မြစ်အဖျား ဆွေးနေပါတယ်။ ပဲစင်းငုံ နှစ်စဥ်ဆက်တိုက်စိုက်ခဲ့လို့၊မြေဆောင်မှို ပွားများစေတာပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဟုတ်ကဲ့မဂ်လာပါဗျ... နှစ်စဥ် နွားချေး အမှိုက်တို့ကိုလဲထည့်ပေးပါတယ် စပါးအချိန်ဆိုရင် ပုလဲဓတ်မြေဩဇာနဲ့ ကျောက်...

ဖြေကြားချက် 1 ခု

ကျွန်တော့်လယ်မှာ 25 •ရက်သားကနေစပြီးရိတ်သိမ်းချိန်အထိတဖြည်းဖြည်းနဲ့အပင်တွေကုန်လုနီးပါးသေနေလို့ပါနည်းပညာလေးမျှဝေ...

ဖြေကြားချက် 3 ခု

မြစ်ခြောက်‌ေဆွးတွေမက်ပဲမှာဖြစ်နေလို့ဘာဆေးတွေသုံးကြသလဲအကိုတို့ရေသင့်တော်ပျောက်ကင်ပဲပင်ထိန်းထားလို့ရမည်ဆေးလေးသိ...

ဖြေကြားချက် 1 ခု

ပဲစင်းငုံစိုက်ပျိုးနည်း

ဖြေကြားချက် 1 ခု

ပဲစင်းငုံကို တစ်ပင်နဲ့တစ်ပင် ဘယ်ခြားပြီး စိုက်ရင် အကောင်းဆုံးဖြစ်မလဲ ? တစ်ဧက မျိုးစေ့ဘယ်လောက်လိုသလဲ?

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။