အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
805
လွန်ခဲ့သော ၂ နှစ် က · တောင်ငူ

စပါးဝယ်ပြီး ဆန်ကြိတ်​ရောင်းတာမျိုးလုပ်ချင်တာပါ စပါးနဲ့ပတ်သတ်ပြီးဘာမှမသိပါဘူးအခုမှ​လေ့လာမှာမိုလို့ သိသင့်တာ​လေး...

စပါးဝယ်ပြီး ဆန်ကြိတ်​ရောင်းတာမျိုးလုပ်ချင်တာပါ စပါးနဲ့ပတ်သတ်ပြီးဘာမှမသိပါဘူးအခုမှ​လေ့လာမှာမိုလို့ သိသင့်တာ​လေး​တွေ​ရေး​ပေးကြပါ များ​လေ​ကောင်း​လေပါပဲဗျာ အကူအညီ​တောင်းပါတယ်

တန်ဘိုးမြှင့်ထုတ်ကုန် စပါး စပါးဈေးကွက် အချိတ်အဆက်

ဖြေကြားချက် ၅ ခု

4,931 လွန်ခဲ့သော ၂ နှစ် က
ဤအဖြေဖြင့် ပြေလည်

အဲဒါတော့ပြောလို့မရပါဘူးဆန်ရိုးပေါ်မူတည်ပါတယ်ပုံမှန်စပါးကောင်းရင်တစ်တင်းကိုရှစ်ပြည်လောက်ပြန်ရပါတယ်အလုပ်တစ်ခုကတော့အစပိုင်းသုံးနှစ်လောက်အခက်ခဲရှိနိုင်ပါတယ်ကြာရင်တော့အလုပ်ကသင်သွားပါလိမ့်မယ်စလုပ်တာဆိုတော့နားလည်တတ်ကျွမ်းတဲ့သူနဲ့ဆရာတင်ပြီးလုပ်တာပိုကောင်မယ်လို့ထင်ပါတယ်

193,301 လွန်ခဲ့သော ၂ နှစ် က

သိတဲ့ လယ်သမားရဲ့ ကျွမ်းကျင်မှုအပေါ်မှာ မူတည်မှာမို့ အတတ်တော့ပြောလို့မရပါဘူး။ အကောင်းဆုံးနည်းကတော့ ဆန်ကြိတ်ခွဲစက်တွေမှာ အလုပ်ဝင်ပြီး သင်ယူပြီးမှ ကိုယ်ပိုင်အဖြစ်ပြောင်းပါရှင့်

805 လွန်ခဲ့သော ၂ နှစ် က

လယ်သမားအသိတစ်​ယောက်​တော့ရှိတယ်အဲ့လိုလူစီကသင်ရင်ရလားဗျ ပွဲစားအသိ​တွေဘာ​တွေမရှိလို့

805 လွန်ခဲ့သော ၂ နှစ် က

အနည်းဆုံးတင်းဘယ်​လောက်ကစဝယ်လို့ရလဲဗျ ပြီး​တော့တင်း၁၀၀ကိုဆန်ဘယ်နှအိတ်ထွက်လဲ တင်း၁၀၀ကိုခန့်မှန်းဘယ်​လောက်မြတ်နိုင်လဲ

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၂ နှစ် က

ရွာတွေဆင်းပြီး စပါးမျိုးအကြောင်းတွေ၊ဆန်အကြောင်းတွေ၊ အရင်လေ့လာပါ။ မနောသုခ၊ဧရာမင်း၊ပေါ်ဆန်း၊ နွေစပါးကြိတ်ရင်ဘယ်လို၊မိုးစပါးကြိတ်ရင်ဘယ်လို၊ စသဖြင့် အသေးစိပ်လေ့လာပြီးမှ လုပ်ပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။