အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဦးမင်းဇော်ထွန်း
လွန်ခဲ့သော ၂ နှစ် က · မြင်းမူ

အခုမှ စပါးစပီး စိုက်ပျိုးတာမို့ အပင်တွေ ပုံပါအတိုင်း ဖြစ်နေလို့ ရောဂါလား ေရလား မြေသြဇာလား ဘာကြောင့်ဖြစ်လည်းဆရာတို့ လမ်းညွှန်ပေးကြပါအူး နောက်မမှားရအောင်လို့ မသိနားမလည်သေးလို့ လက်တွဲကူညီပေးကြပါအူး ဆရာတို့

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၈၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး
ပိုးမွှားရောဂါ စပါး စပါးမြစ်ပုပ်ရောဂါ
Post image
Post image
2

ဖြေကြားချက် ၂ ခု

ဦးမင်းဇော်ထွန်း
ဦးမင်းဇော်ထွန်း 353 လွန်ခဲ့သော ၂ နှစ် က

ဟုတ် ကျေးပါ အခုလိုရှင်းပြလေးလို့

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,619 လွန်ခဲ့သော ၂ နှစ် က

စပါးအမြစ်တွေ ပုပ်နေတာက အဓိကလက္ခဏာပါဘဲ။ ဘာကြောင့်ဖြစ်ရတယ်ဆိုတာက ကွင်းထဲဆင်းပြီးစမ်းသပ်မှ တိကျမယ်ထင်တယ်။ အကြောင်းတခုတည်းကြောင့်မဖြစ်နိုင်ဘူး။ပင်ပွား မတွေ့လို့ ပက်ကြဲစနစ်နဲ့ အပင်ထူပုံရပါတယ်။ အမြစ်သစ်မထွက်နိုင်တာက၊ရေငတ်ပြီး/ရေလှောင်ကြာတာ။ပေါင်းသတ်မြေသြဇာသုံးတာ/မြေကြီးထဲက ရောဂါမနိုင်တာ/အများကြီးဖြစ်နိုင်ပါတယ်။ နောင် ဒီလိုမဖြစ်အောင်ဆိုရင်.. မြေကြီးကို pH တိုင်းပါ။ လိုအပ်ရင်၊ဂျစ်ဆန်/ထုံး/သဘာဝ ​ေမြဆွေး/စက်ဖွဲပြာ/ကေဟူးမိတ်..စတာတွေထည့်ပါ။ ထယ်ရေးကောင်းစွာပြုပြင်ပါ။ မျိုးကောင်းသန့်အသုံးပြုပါ။ မကျွမ်းကျင်သော ဓါတုပေါင်းသတ်ဆေးများ၊မြေကြီးထဲထည့်ခြင်း၊ပေါငွးသေအပင်ကောင်းများ သုံးခြင်းမပြုပါနှင့်။ လိုအပ်ချက် မျိုးစေ့ပိုသုံးခြင်းမပြုပါနှင့်။ အပင်ငယ်စဥ်ကတည်းက အမြဲစောင့်ကြည့်ပြီး လိုအပ်ချက်ကို ဆွေးနွေးတိုင်ပင်ပါ။ အခုဟာ အစစ.နောက်ကျနေပါပြီ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။