အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ကိုညီညီ
လွန်ခဲ့သော ၂ နှစ် က · တိုက်ကြီး

EM1 နဲ့ EMပြင်းးးးဘာကွာပါသလည်း ဆရာ ကွာခြားပုံလေးနဲ့ အစွမ်းထက်ပုံ သုံးဆွဲရမယ်အနေအထားကွာခြားပုံးကို ရှင်းပြပေးစေလိုပါတယ် ခင်မျာ

စိုက်ပျိုးနည်း ဖရဲ အကျိုးပြုအဏုဇီဝ (အီးအမ်)
Post image
2

ဖြေကြားချက် ၂ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,614 လွန်ခဲ့သော ၂ နှစ် က
ဤအဖြေဖြင့် ပြေလည်

EM1 တဲ့။ Original EM (OEM) တဲ့။ ဒါကိုမြန်မာလိုပြန်ပြီး မူ အီးအမ်တဲ့။ ဒါက ကုမ္ပဏီက လာတဲ့အတိုင်း ပါကင်မဖောက်ရသေးတဲ့ ဗူးထဲပါတာကို ခေါ်တဲ့အခေါ်။ ဘယ်နားမှာ ဘယ်စကားလုံးကြားကြား ဒါတူတူပဲ မှတ်ထားရမယ်။ ဒီလို ကုမ္ပဏီက ထုတ်လုပ်ပေးလိုက်တဲ့အတိုင်းပါလာတဲ့ အီးအမ်ဗူး၊ အီးအမ်ပုလင်းကို ဖောက်ပြီး ဒီအတိုင်း ချက်ချင်းသုံးလို့ရသလားဆိုတော့ မရဘူး။ သူက ရေရှည်ထားရမယ့် ထုတ်ကုန်၊ ပြီးတော့ အီးအမ်ဆိုတာ Effective Micro-Organism ကို ခေါ်တဲ့အတိုကောက်။ အကျိုးပြုအနုဇီဝသက်ရှိ တဲ့ ဗမာလိုတော့။ သက်ရှိပိုးကလေးတွေ။ ကိုယ့်မျက်စိနဲ့မမြင်ရပေမယ့် အများအပြားပါတယ်။ အုပ်စု ၅ စုနဲ့ အကျိုးပြု အနုဇိဝအမျိုးအစားပေါင်း ၈၀ ကျော်ပါဝင်သတဲ့။ ဆိုတော့ သူ့ကို ထုတ်လုပ်တုန်းက အိပ်ပျော်နေတဲ့ပုံစံမျိုးပေါ့။ အဲလိုထုတ်လုပ်ထားတာ။ သုံးတော့မယ်ဆို အိပ်ရာက နှိုးပေးရတယ်။ အဲဒါကို activate လုပ်တယ် သို့ Concentrate လုပ်တယ်ခေါ်တယ်။ နိုင်ငံများခြားမှာတော့ EM Activated Solution (EMAS = အီမတ်စ်) လို့ခေါ်တယ်။ ပြည်တွင်းမှာကျတော့ Concentrated EM အတိုကောက် (CEM = စီအီးအမ်) ခေါ်ကြတယ်။ ဗမာလိုတော့ အီးအမ်အပြင်းလို့ပြောကြတယ်။ ဆိုတော့ အခုပြောလိုက်တဲ့ (EMAS, CEM, အီးအမ်အပြင်း) တစ်ခုခုကို ကြားရရင် ပါကင်ပိတ်ဗူးထဲကအရည်ကို ဒုတိယအဆင့်အနေနဲ့ သုံးလို့ရအောင်လုပ်ထားတာကို ပြောချင်တာလို့ သဘောပေါက်ရမယ်။ How to Make CEM အီးအမ်ကို စီအီးအမ် လုပ်နည်းက အီးအမ် ၅ ဆ တင်လဲရည်၊ သကာရည် ၅ ဆ ရေသန့် အဆ ၉၀ နဲ့ ရောပေးရတယ်။ပြီးရင် ဗူးကို လေလုံအောင် အဖုံးသေချာပိတ်ပြီး အရိပ်ရတဲ့ နေပူတိုက်ရိုက်မကျတဲ့ တနေရာမှာ ၂ ပတ်ထားရတယ်။ ၂ ပတ်နောက်ပိုင်းမှာ စတင်အသုံးပြုနိင်ပြီ။ How to Use CEM ဘယ်လိုသုံးရတုန်းဆိုတော့ စီအီးအမ် တစ်ဆ ( ၂ ပတ်ကြာပြီးရလာမယ့်ဟာ) ကို ရေအဆ တစ်ရာနှုန်းနဲ့ရောပြီး စိုက်ခင်း မှာဖျန်းပေး။ အပင်တွေဖျန်းပေးလို့ရတယ်။ တရက်ခြားတခါလောက်ဖျန်းပေးနိုင်ရင် ပိုတောင်ကောင်းသေးတယ်။ မြေဆွေးလုပ်တဲ့အခါမှာလဲ မြေဆွေးပုံ၊ မြေဆွေးကန်ရဲ့ တလွှာခြင်းစီတိုင်းမှာ ခုပြောသလိုပဲ ရေအဆတရာနှုန်းနဲ့ ရောစပ်ပြီးဖျန်းပက်ပေး။ မြေဆွေးဖြစ်တာပိုမြန်သလို၊ အနံ့အသက်လည်းကင်းတယ်။

ကိုညီညီ
ကိုညီညီ 1,551 လွန်ခဲ့သော ၂ နှစ် က

ကျေးဇူးတင်ပါတယ် ဆရာ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

စပါးရိတ်ပြီး ပဲမစိုက်ခင် EM အပြင်းဖျန်းချင်ပါတယ် အဓိက ကတော့ နောက်ပိုင်းပေါင်းပင်မပေါက်အောင် ထယ်မထိုးခင်ပေါင်း...

ဖြေကြားချက် 4 ခု

emနဲ့ငါးအမိုင်နို ကို ၁၅ရက်သားကြဲခင်းအတွက်‌ေဆးတစ်ပုံဘယ်လောက်နှုန်းထားထည့်ရမလဲခင်ဗျ

ဖြေကြားချက် 2 ခု

ဆရာတို့ခင်ဗျာ em+ငါးအမိုင်နိုကို စပါးကြဲခင်13ရက်သားအတွက်၊ဆေး1ပုံးကို ဘယ်လောက်နှုန်းထားထဲ့ရမလဲခင်ဗျ

ဖြေကြားချက် 1 ခု

နွှားသေးနဲ့EMရောပြီးအားဆေးအဖြစ်အသုံးပြုလို့ရပါသလားဗျဘယ်လိုအသုံးပြုရမလဲရှင်းပြပေးပါဦး

ဖြေကြားချက် 5 ခု

အသင့်သုံးအီးအမ်ကရေထပ်ရောရလားဒီအတိုင်းဖျန်းရတာလားရေရောရရင်ရေဘယ်နှဆနဲ့ရောရမလဲ

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။