ဖြေကြားချက် ၂ ခု
၆။ မျိုးစေ့အဆင့်များ သတ်မှတ်ခြင်း - ပင်တည်းဝတ်မှုန်ကူးသီးနှံများ (Self-Pollinated Crops) ၁။ မိဘမျိုးစေ့ (Breeder Seed) ၂။ ဆင့်ပွားမျိုးစေ့ ( Foundation Seed) ၃။ မျိုးသန့်မျိုးပွားမျိုးစေ့ ( Registered Seed) ၄။ စီးပွားဖြစ်မျိုးသန့်မျိုးစေ့ (Certified Seed)။။။ ၁။မိဘမျိုးစေ့(Breeder Seed) သီးနှံမွေးမြူသူ (Plant Breeder) ကိုယ်တိုင်ကြီးကြပ်၍ ပွားများရရှိသော မျိုးစေ့ ဖြစ်သည်။ မူလဗီဇအရည်အချင်းများနှင့်ပြည့်စုံ၍ အရည်အသွေးအဆင့်အတန်းမြင့်မား သော မျိုးစေ့ဖြစ်သည်။ ဆက်လက်ပွားများမည့် မျိုးစေ့များအတွက် မူလဇစ်မြစ်ဖြစ်သည်။ ။။။။ ၂။ဆင့်ပွားမျိုးစေ့(Foundation Seed) မိဘမျိုးစေ့ (၁) မှ ပွားများရရှိသော ပထမဦးဆုံး သားဆက်မျိုးစေ့ဖြစ်သည်။ ၎င်း သားဆက်ကို သီးနှံမွေးမြူသူ၏ကြီးကြပ်မှုဖြင့်လည်းကောင်း မျိုးစေ့သိပ္ပံပညာရှင် (Seed Scientist) သို့မဟုတ်) စိုက်ပျိုးရေးပညာရှင် (Agronomist) ကိုယ်တိုင်သော လည်းကောင်းပွားများထုတ်လုပ်ရပါမည်။ မူလဗီဇအရည်အချင်းအတိုင်း အရည်အသွေး မြင့်မားမှုကိုရှေ့ရှု၍ ဆက်လက်ပွားများရမည့် အဆင့်ဆင့်အတွက် အခြေခံအကျဆုံးအဆင့် ဖြစ်သည်။။။။။ ၃။မျိုးသန့်မျိုးပွားမျိုးစေ့ ( Registered Seed) ဆင့်ပွားမျိုးစေ့ပွားများရရှိသော သားဆက်မျိုးဆက်ဖြစ်သည်။ တောင်သူလယ် သမားလက်ဝယ်သို့ မဖြန့်ဝေမီ ဗီဇအရည်အချင်းနှင့် အရည်အသွေးအဆင့်အတန်းများကို မှတ်ပုံတင်ထားရှိပြီးလျှင် မျိုးစေ့ပညာရှင်၏ တိုက်ရိုက်ကြီးကြပ်မှုဖြင့် ပွားများထုတ်လုပ် ရပါမည်။ မိဘမျိုးစေ့မှထွက်သော ဒုတိယသားဆက်ဖြစ်၍ မူလဗီဇနှင့် အရည်အသွေးများ ကိုက်ညီရန် အထူးဂရုပြုဆောင်ရွက်ရပါမည်။။။။။ ၄။စီးပွားဖြစ် မျိုးသန့်မျိုးစေ့ (Certified Seed) ဆင့်ပွားမျိုးစေ့သော်လည်ကောင်း၊ မျိုးသန့်မျိုးပွားမျိုးစေ့မှသော်လည်းကောင်း မျိုး ပွားများရရှိသော သားဆက်မျိုးစေ့ဖြစ်သည်။ ပင်ခြားဝတ်မှုန်ကူးသီးနှံများတွင် ဆင့်ပွား မျိုးစေ့မှ တိုက်ရိုက်ပွားများပါသည်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
စပါးပျိုးခင်းမြေဆီကျွေးခြင်လို့ဘယ်နရက်သားမှာကျွေးရမလဲဗျ စိုက်မှာကတလခွဲလောက်မစိုက်မှာပါ
ဖြေကြားချက် 3 ခု
ပေါ်ဆန်းရင် မြေခံကို ပိုတက်နဲ့တီစူပါထည့်ထားတယ်ဗျ (၁၁) ရက်သားပါ ပုလဲကိုနောက်ထက်ရက်ဘယ်လောက်ကြာရင်ကျွေးလို့ရပါသလဲ...
ဖြေကြားချက် 5 ခု
အောက်ပုံပါ မြက်အမျိုးအစားအမည်နဲ့ နှိမ်နင်းနိုင်မဲ့ဆေးသိချင်ပါတယ်ဗျ ကျေးဇူးပြုပြီးညွှန်ပြပေးကြပါအုံးခင်ဗျ
ဖြေကြားချက် 1 ခု
စပါးအစိုတိုက်ရိုက်ကြဲခင်းတွင်သက်တမ်းတလျှောက်ထားရှိရမည့်ရေပမာဏကိုသိရှိလိုပါသည်ခင်ဗျ
ဖြေကြားချက် 3 ခု
ကုန်ပြီ
ဖြေကြားချက် 3 ခု