ဆရာခင်ဗျ ပုံက မရိုက်ဖြစ်ခဲ့လို့ပါ ကျွန်တော်ပြောတာလေးမျက်လုံးထဲ မြင်ယောင်ကြည့်ပေးပါဗျ ပဲတောင့်ရှည်ကို မိုးဦးကျ...
ဆရာခင်ဗျ ပုံက မရိုက်ဖြစ်ခဲ့လို့ပါ ကျွန်တော်ပြောတာလေးမျက်လုံးထဲ မြင်ယောင်ကြည့်ပေးပါဗျ ပဲတောင့်ရှည်ကို မိုးဦးကျ ဇွန်လအလယ်လောက်မှစစိုက်ခဲ့ပါတယ်ခင်ဗျ အဲ့မိုးတစ်မိုးရွာပြီးမိုးလုံးဝမရွာခဲ့တာ ဇူလိုင် ၂၉ ရက်နေ့ထိပါပဲဗျ ပဲပင်တွေက အညွှန့်တွေတုံးပြီး အပင်ဆက်တက်မလာပဲ မြေကြီးနဲ့ တစ်ထောင်အကွာလောက်မှာပဲ ပဲပွင့်တွေ အနည်းငယ်ပွင့်ပီး အသီးမဖြစ်စလောက်သီးနေပါတယ် ရေပေးဖို့ကရေအရမ်းရှားလို့ပါဗျ အဲ့ပဲပင်တွေကို အပျို ပြန်ဖြစ်အောင်အညွှန့်တလူလူ ပြန်တက်လာအောင် လုပ်လို့ရသေးလားးဗျ မိုးဆက်တိုက်ရွာနေတာ ၂ ရက်လောက်ရှိပါပြီ ဗျ အပင်တွေဆက်ပဲထားရမလား နှုတ်ပဲ ပစ်ရမလား အကြံပေးပါအူးဗျ ပုံမဖြစ်မနေလိုအပ်တယ်ဆိုရင်တော့ မနက်ဖြန်ရိုက်ပေးပါမယ်ဆရာ အားဆေး - မော်ရယ်မုန်း / G3 / တောနစ် / အောဂွတ် / ကယ်မက် / ဘိုရွန် အစရှိတဲ့ဆေးတွေရှိပါတယ်ဗျ Reply လေးမျှော်နေပါမယ်ဆရာတို့ မိုးဆက်တိုက်ရွာတုန်းလို့ပြုပြင်လို့ရရင် ပြုပြင်ချင်လို့ပါဗျ