အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
မင်းမင်းအောင်
လွန်ခဲ့သော ၂ နှစ် က · ညောင်လေးပင်

အင်တာနက်မှာရှာကြည့်လိုက်တော့ဩစတြေးလျနိုင်ငံရဲ့ပဲတီစိမ်းစိုက်ခင်းတွေမှာစက်နဲ့ရိတ်လို့အဆင်ပြေအောင်မရိတ်ခင်တစ်ပက်အလိုမှာဂလိုင်ဖိုဆိတ်နဲ့ပဲပင်‌ေခြာက်သေသွားအောင်ဖျန်းကြတယ်ဒီမှာရောအဲဒီလိုလုပ်ရင်အဆင်ပြေမလားဆရာ

ခေတ်သစ်စိုက်ပျိုးရေး ပဲတီစိမ်း ပဲတီစိမ်းစိုက်ပျိုးနည်း

ဖြေကြားချက် ၂ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,618 လွန်ခဲ့သော ၂ နှစ် က
ဤအဖြေဖြင့် ပြေလည်

နိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍအဆင့်အတန်းကွာပါသေးတယ်။ သူတို့နိုင်ငံ ဂလိုင်ဖိုဆိတ်သုံးတဲ့ရည်ရွယ်ချက်က၊စက်နဲ့ရိတ်တဲ့အခါ၊တပြိုင်တည်းအ​ေခြောက်ညီညာဖို့/တိုက်ရိုက်အစေ့အဆံရရှိမှု၊အခြောက်ခံပေါင်းရုံထဲတိုက်ရိုက်ထည့်နိုင်မှုအတွက်ရည်ရွယ်ပြီး၊မရိတ်မီ ၁ပတ်-၃ပတ်အတွင်းဖျန်းကြတာပါ။ မြန်မာနိုင်ငံမှာလဲ ဖျန်းလိူ့ရပါတယ်။ စက်နဲ့မရိတ်နိုင်၊စက်နဲ့ရိတ်လောက်အောင်၊ဧက ရာချီပြီးတကွင်းတစပ်တည်းမရှိပါဘူး။ နောက်တခုက၊မျိုးယူမည့်စိုက်ကွက်ကို၊ဂလိုက်ဖိုဆိတ်မဖျန်းရပါဘူး။ အဓိကတော့၊ရိတ်သိမ်းစနစ်နဲ့၊ရိတ်သိမ်းချိန်လွန်နည်းပညာ အားနည်းပါသေးတယ်။

ဝိုင်းဇင်ကျော်
ဝိုင်းဇင်ကျော် 1,348 လွန်ခဲ့သော ၂ နှစ် က
ဤအဖြေဖြင့် ပြေလည်

ကျွန်မတို့စဉ့်ကူးမှာတော့ပဲတီစိမ်းတွေမှည့်တဲ့အခါပရိုင်မာပေါင်းသတ်ဆေးကိုစက်နဲ့မရိတ်ခင်၅ရက်ကြိုဖျန်းပီးရိတ်ပါတယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ပဲတီစိမ်းစိုက်တဲ့ခါမှာအတန်းစိုက်သင့်လားကြဲပတ်စိုက်သင့်လားဖြေပေးကြပါဉီးဗျ

ဖြေကြားချက် 2 ခု

ရိတ်ခြွေစက်ဝင်ထားတဲ့လယ်မှာဆောင်းပဲတီစိမ်းကိုခုတ်ဖံုးစနစ်နဲ့စိုက်ရင်ခရော်လာလမ်း‌ေကြာင်းနေရာကမြေကြပ်သွားတော့အပင်...

ဖြေကြားချက် 1 ခု

ဒီလပြာသိုလပြည့်ကျော်ထဲပဲတီစိမ်းကျဲခြင်လို့စိုက်ပျိုးဖို့အတွက်အဆင်ပြေနိုင်လားခုမှစပီလုပ်တာမို့လို့ပါစိုက်ပျိုး...

ဖြေကြားချက် 1 ခု

ကျွန်တော့လယ်တစ်ဧကလောက်ရေနစ်ပြီးစပါးသေသွားလို့အကြောင်းအမျိုးမျိုးကြောင့်ပြန်မစိုက်ဖြစ်တော့ပါဘူးအဒီအကွက်ကိုအခု‌ေ...

ဖြေကြားချက် 1 ခု

ကျွန်တော်တို့မြို့နယ်ဘက်မာ ပဲတီစိမ်းစိုက်လို့ရနိူင်မလာဆရာဖြေကြားပေးပါဗျ

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။