အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
247
လွန်ခဲ့သော ၁ နှစ် က

ပြောင်းစိုက်ပျိုးရန်မြေပြင်ထားပါပြီ နည်းစနစ်တကျစိုက်ပျိုးန ည်းလေးများသိချင်ပါတယ်ခင်ဗျာ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
စိုက်ပျိုးနည်း ပြောင်း ပြောင်းစိုက်ပျိုးနည်း
Post image
Post image

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 1,116,120 လွန်ခဲ့သော ၁ နှစ် က

စိုက်နည်းစနစ် ------------  ပြောင်းသည် လေဖြင့် ဝတ်မှုန်ကူးသောအပင်ဖြစ်၍ အတန်းများအား လေသွားလမ်းကြောင်းကို ကန့်လန့် ဖြတ်၍ ထားသင့်သည်။ အတန်းကြား(၂၄ - ၃၀) လက်မ၊ အပင်ကြား (၈ - ၁၂) လက်မတွင် (၁) ကျင်း (၁) ပင် ချန်ထားပြီး စိုက်ပါ။ မျိုးနှင့်စိုက်စနစ် ကွဲပြားသည်နှင့်အမျှ အတန်းကြား၊အပင်ကြား ကွာခြားနိုင်ပါသည်။ တစ်ဧကအပင်ဦးရေ (၁၇,၀၀၀) မှ (၂၄,၀၀၀) ပင်ဝင်အောင်စိုက်ပါ။ ရေပေးသွင်းခြင်း --------------  ပြောင်း တစ်ရာသီ အပြည့်အဝကြီးထွား ဖြစ်ထွန်းစေရန် လုံလောက်သော မိုးရေမရပါက (သို့မဟုတ်) ရေသွင်းစိုက်ပါက ၂၀၊ ၄၀၊ ၆၀၊ ၈၀၊ ၁၀၀ ရက်သားများတွင် ရေပေးသွင်းပါ။ တစ်ကြိမ် နှင့်တစ်ကြိမ် တိုးပြီး ရေပေးသွင်းပေးသင့်ပါသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။