အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
116
လွန်ခဲ့သော ၁ နှစ် က · ကွမ်းခြံကုန်း

Green way app ရဲ့ Market price က basic principles က ဘယ် အပေါ် အခြေ ခံ ပြီးသတ်မှတ်ထားဝာာ လဲခင်ဗျ အခြေခံ စိုက်...

Green way app ရဲ့ Market price က basic principles က ဘယ် အပေါ် အခြေ ခံ ပြီးသတ်မှတ်ထားဝာာ လဲခင်ဗျ အခြေခံ စိုက်ပျိုး ရေး တောင်သူတွေရဲ့ ကုန် ကျစရိတ် အပေါ် မှာမူတည်ပြီး cost coverage ဖြစ်‌ အောင်တွက် ထုတ်ထားတာလား ဒါမှ မဟုတ် Traders တွေရဲ့ Market price ကနေပဲသတ် မှတ်ထား တာလား သိချင် ပါ တယ်။ အကယ် ၍ တောင်သူ တွေ ရဲ့ estimate cost ကို details ဖြစ် အောင် တွက် ထားတဲ့ market value မျိုး မဟုတ် ရင် ယနေ့ ဖြစ်နေတဲ့ လုပ်သား ရှား ပါးမှု ပြဿနာ နဲ့ စိုက်ပျိုးရေးကုန် ကျစရိတ် မြင့်မားမှုကြောင့် ပိုပြီး အခက် အခဲကြုံလာ ရနိုင် ပါတယ်။ Tractor maintenance cost, labor cost, Oil rate, production rate စတဲ့ အချက် အလက်ပေါ်မှာ မူတည် ပြီး PBS system နဲ့ Survey လုပ် ပြီး coverage ဖြစ်အောင် သက်မှတ်ထားတာလားသိချင်ပါတယ် ခင်ဗျ။ အကယ် ၍ သတ်မှတ် ချက် က global market က နေ export values နဲ့ အချိူး ချ ထား ရင် တော့ USD အပေါ်မှာ တိုက်ရိုက်သက်ဆိုင် ဖို့များမယ် ထင်ပါတယ်။ တချို့ တောင်သူ တွေ အနေနဲ့ တစ်သီးစားနှစ်စား စိုက် ပျိုးကြတာ ဖြစ် တဲ့ အတွက် cost cycle တစ်ပတ်လည် လို့ မှ cover မဖြစ် ရင် စိုက် ပျိုးရေး က fail သွားနိုင်ပါတယ်။ လက် ရှိ တင် ထားတဲ့ market price information source ကနေပဲ ယူ ထားတာ လားသိပါရစေ ခင်ဗျ။ သက် ဆိုင်ရာ admin team အနေ နဲ့ ‌ဖြေကြားပေး စေလိုပါတယ် ခင်ဗျ ။ ကျေးဇူးပါ

Post image

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 1,116,097 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

မေးခွန်းရဲ့အဖြေတော့ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်ဗျ။ Admin team ကလည်းမဟုတ်၊marketing လည်းမဟုတ်ပါဘူး။စိုက်ပျိုးရေးသမားမိူ့ပါ။မေးခွန်းရှင်ရဲ့Themeက မြင့်နေတော့ လက်လှမ်းမမီတာလည်းပါတာပေါ့။သို့သော် အကြောင်းအရာလေးတွေ ဆက်စပ်နေမလားရယ်လို့ တင်ပေးလိုက်တာပါ။ agribusiness ကို သွားတဲ့နေရာမှာ ဒီအချက်လေးတွေ လိုအပ်နေပါတယ်။အဖွဲ့အစည်းတခုတည်း/တောင်သူတဖွဲ့တည်းနဲ့ မဖြစ်နိုင် ဘူးလို့ ဆရာဦးစံသိန်း ဆောင်းပါးလေးတင်ပြလိုက်ပါတယ်။ စနစ်တစ်ခုအခြေပြုနိုင်သော ရေခံမြေခံလိုအပ်ချက် 

193,301 လွန်ခဲ့သော ၁ နှစ် က

မင်္ဂလာပါရှင့် အခုလက်ရှိမှာ ဖော်ပြနေတဲ့ သီးနှံဈေးနှုန်းများဟာ အစိမ်းရောင်လမ်းက သတ်မှတ်လိုက်တဲ့ ဈေးနှုန်းများမဟုတ်ပါဘူးရှင့် ရန်ကုန်၊ မန္တလေး၊ ရှမ်းနယ်စပ်စတဲ့ ကုန်သည်ရေးလမ်းကြောင်းများမှာ ပေါက်နေတဲ့ ဈေးနှုန်းတွေကို စုံစမ်းတင်ဆက်ပေးနေတဲ့ AMIA market သတင်းအေဂျင်စီကနေ တဆင့်ဖော်ပြပေးနေတာပဲ ဖြစ်ပါတယ်။ အကို့ရဲ့ အကြံပေးချက်တွေကို အခုလိုလာရောက်ရေးသားပေးလို့လည်း ကျေးဇူးတင်ပါတယ်နော် သက်ဆိုင်ရာ Management team ဆီလည်း ပို့ပေးလိုက်ပါ့မယ် လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွက် အပြုသဘောဆောင်ပြီး ပူးပေါင်းချင်တယ်ကြားရလို့လည်း ဝမ်းသာပါတယ်ရှင့် ဘယ်လိုပူးပေါင်းလို့ရမလဲဆိုတာ အသေးစိတ်ဆွေးနွေးဖို့အတွက် Facebook Page messenger ဒါမှမဟုတ် hsumyatnoegreenovator@gmail.com ကိုဆက်သွယ်လို့ရပါတယ်ရှင့်

116 လွန်ခဲ့သော ၁ နှစ် က

ခေတ် စနစ် အနေအထား အရ အဖက်ဖက် ကထောက်ပံ့မှု အား နည်းနေတာတစ်ကြောင်း ပညာတတ် လူငယ် တွေ အနေ နဲ့ မိရိုးဖလာ လယ်ယာလုပ် ငန်း ကနေ Upgrade လုပ် ပြီး SME network ကနေ development groupထိ သွား နိုင်တဲ့လမ်းကြောင်းထက် ပို smart ဖြစ် တဲ့ private company တွေမှာ ပဲ employee အနေနဲ့ အလုပ်ချင် တဲ့ စိတ် ကြောင့် လယ်သမား တွေအနေနဲ့ နည်းပညာ တွေတိုးတတ်လာ သော်လည်း system follower အနေ နဲ့ တောင် မနဲနားလည် အောင်ကြိုးစား နေ ရရှာတယ် ၊ တကယ် ဆို လယ်သမားတွေ ကိုယ် တိုင် system creation ရဲ့တစ်စိတ်တစ် ပိုင်းဖြစ်နေ သင့်ပါပြီ ။ကျွန်တော့် အမြင်ပါခင်ဗျာ ၊ လယ် ယာ စိုက် ပျိုးရေးကဏ္ဍ အတွက် အပြုသဘော လွတ်လပ်စွာ ပူးပေါင်းဆောင်ရွက်လိုပါသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။