ကြက်သွန်နီစိုက်ပီး ဘယ်အချိန်ဘာဆေးဖြန်းရလဲးဆရာတို့ ပြောပြပေးပါအူး
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
- အပင်သက်တမ်း
- ၄၅ ရက်
ကျွမ်တော်ကြက်သွန်နီတောင်သူအနေနဲ့ လုပ်တာ ၃ နှစ်ရှိပါပီ ဩဂဲနစ် သဘာဝအတိုင်းပဲစိုက်ပါတယ် သဘာဝမြေဆွေးများများထည့်ပီး ထွန်ရေးညက်အောင် ပြုလုပ်ပါတယ် အားဆေးကတော့ ငါးအမိုင်နို နဲ့ သီးစုံ အားဆေး သုံးပီး တမာ ပိုးပြေးကာကွယ်ဆေးသုံးပါတယ် အတွေ့အကြုံအရကတော့ ရေသွင်းလောင်းချိန်ပုံမှန်ပြုလုပ်ဖို့လိုပါတယ် ကိုယ်တွေ့ပဲဖြစ်လို့ပါ ပထမ နှနှစ်က မြတ်ပါတယ် မနှစ်ကနော့ ဂရုမစိုက်နိုင်လိုက်လို့ ရေမဝဖြစ်ပီးရှုံးပါတယ် အခုနှစ် နောက်ဆုံးသီးနှတွေဖြစ်တဲ့ ကုလားပဲ ကြက်သွန်နီ အကုန်နားပါတယ် သုံးနှစ်ပြည့်လို့ပါ မေးချင်ဆွေးနွေးချင်ရင် 09797734233 ပညာရှင်မဟုတ်ပါ လက်တွေ ဩဂဲနစ်စိုက်ပျိုးသော တောင်သူသြာဖစ်ပါတယ်ခင်ဗျ
၁၅-၂၀ရက်သား မှုိဆေး ကာကွယ်ဆေးဖျန်းပါ။၂၅-၃၀.စုပ်စားပိုးဆေး-အားဆေး။ရေသွင်းတိုင်းဂျစ်ဆန်နဲ့ ဓါတ်မြေသြဇာ ပက်ကျွေးပါ။ဥချချိန် 0:52:34ဖျန်းပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကြက်သွန်နီ မျိုးစေ့ အပင်ပေါက်ကောင်းအောင်မည်သို့ပြုလုပ်ရလည်းအကြံပေးပေးကြပါအခုမှစလုပ်မှာမို့ပါ
ဖြေကြားချက် 1 ခု
ရောဂါကျနေလို့ပါ" ဒီလောက်မဆိုးသေးတဲ့အခင်းအတွက်ဘာဆေးသုံးရမလဲ? ယခုပုံထဲကအခင်းကရောဆေးဖြန်းလို့ရနိုင်သေးလား
ဖြေကြားချက် 1 ခု
အပင်တွေပျော့နေလို့ပါ
ဖြေကြားချက် 1 ခု
ကြက်သွန်နီ ပျိုးပင်စိုက်ပီး ၁၅ရက်သားလောက်ကို ဘာအားဆေးဖျန်းသင့်လည်း
ဖြေကြားချက် 1 ခု
ပုံပါကြက်သွန်နီခင်း ဘာမှိုဆေးဖျန်းသင့်လည်းဆရာတို့ မြေခံ၁၅.၁၅.၁၅ခံထား မြစ်ဆက်ရေ ကျောက်မှုန့်တအိတ်. nနဲ့sရောပီး...
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။