အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
7
လွန်ခဲ့သော ၁ နှစ် က · ဝါးခယ်မ

ရေနစ်မြုတ်‌ခဲ့‌ေသာစပါးပင်ပါ ပိုင်မီထရိုဇိုင်း၊ ဒိုင်နိုတီဖျူရမ် ပင်လုံးပြန့်ဆေး ကာစူကာမိုက်စင်၊ ကော့ပါးအောက်ဆီ...

ရေနစ်မြုတ်‌ခဲ့‌ေသာစပါးပင်ပါ ပိုင်မီထရိုဇိုင်း၊ ဒိုင်နိုတီဖျူရမ် ပင်လုံးပြန့်ဆေး ကာစူကာမိုက်စင်၊ ကော့ပါးအောက်ဆီကလိုရိုက် ဆေးအဆိပ် ဒိုင်ဖီနိုကိုနာဇော၊ အဇိုဇီစတိုဘင် ဆေးအဆိပ် အထက်ပါဆေးအားလုံးရောဖြန်းလို့ရလား ကူညီဖြေကြားပေးပါဦး

စိုက်ပျိုး ဗဟုသုတ စပါး စပါးရေမြုပ်ခြင်း

ဖြေကြားချက် ၁ ခု

348,948 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

တစ်ကြိမ်တည်း အကုန်ရောဖျန်းလို့ကတော့ ပိုက်ဆံကုန်တာပဲရှိမယ်ဗျ ရေနစ်မြုပ်စပါးစိုက်ခင်း ရေဝပ်ပြီးရင်တော့ အမြစ်တွေပုပ်ပြီး ရောဂါတွေကျလာနိုင်ပါတယ်။ အရင်ဆုံးကတော့ ရေထုတ်ပေးပါ။ ပြီးနောက် စိုက်ခင်းကို မည်သည့် ဆေးမှ အသုံးမပြုဘဲ ၃-၄ ရက်ခန့် အနားပေးသင့်ပါတယ်။ နိုက်ထရိုဂျင် ဓာတ်လွန်ကဲစွာကျွေးမိလျှင် ရောဂါကျရောက်မှုကိုပိုမို အားပေးနိုင်သောကြောင့် ပုလဲ သီးသန့် ကျွေးခြင်းထက် အခြားသော ပိုတက်နှင့် တီစူပါ၊ ကျောက်မှုန့်မြေဆီများ ထည့်ပေးသင့်သည်။ဖြုတ်ပိုးရှိမရှိစစ်ဆေးပါ ရှိလျှင်ပိုင်မီထရိုဇင်း၊ဒိုင်နိုတီဖျူရန်ကို‌ေရာစပ်ပက်ဖျန်းနိုင်သည်။ဘက်တီးရီးယားကာကွယ်ရန်ကာစူကာမိုက်စင်နှင့်ကော့ပါးအောက်စီကလိုရိုက်ဆေးကိုလည်းရောစပ်ပြီးတစ်ကြိမ်ဖျန်းပက်နိုင်သည်။ မှိုကာကွယ်ရန်ဒိုင်ဖီနိုကိုနာဇော၊အဇိုဇီစထရိုဘင်တို့ကိုလည်း တစ်ကြိမ်ရောစပ်ပက်ဖျန်းနိုင်သည်။ ‌ဆေးဖျန်းရာတွင်တစ်ကြိမ်နှင့်တစ်ကြိမ်ကို ၇-၁၀ရက်ခြား၍ဖျန်းပက်ပေးပါဗျ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။