အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1
လွန်ခဲ့သော ၁ နှစ် က · ကျောက်ဆည်

ငါးကန် 1.5ဧက မှာ ငါးကောင်ရေ 6000လောက်ထည့်လို့ ရမလားခဗျာ ကန်ပေါ်မှာ ကြက်ကောင်ရေ 1500 ခြံရှိပါတယ်ခဗျ ‌မွေးလို့အ...

ငါးကန် 1.5ဧက မှာ ငါးကောင်ရေ 6000လောက်ထည့်လို့ ရမလားခဗျာ ကန်ပေါ်မှာ ကြက်ကောင်ရေ 1500 ခြံရှိပါတယ်ခဗျ ‌မွေးလို့အဆင်ပြေမယ့် ထည့်ရမယ့် ငါးအမျိုးအစားနဲ့အရေအတွက် လေး အကြံပြုပေးကြပါဦးခဗျ

သားပေါက်ထည့်သွင်းခြင်း ကြက်-ငါးရောနှောမွေးမြူခြင်းစနစ်

ဖြေကြားချက် ၂ ခု

6,582 လွန်ခဲ့သော ၁ နှစ် က

ကြက်ငါးရောမွေးတဲ့ကန်တွေမှာ ထည့်မွေးတဲ့ငါးတွေအနေနဲ့ငါးမြစ်ချင်း (40%)၊ ငါးတန် (30%)၊ ရေချိုငါးမုတ် (30%) အရောမွေးသလို၊ ငါးမြစ်ချင်း (35%)၊ ငါးတန် (15%)၊ ရေချိုငါးမုတ် (20%)၊ ရွှေဝါ ခေါင်းပွ ငါးကြင်း (10% each)မွေးနိုင်သလို၊ ငါးမြစ်ချင်း (85%)၊ မြက်စား(5%)၊ ရွှေဝါ(2.5%)၊ ရေချိုငါးမုတ်(1.2%)၊ ခေါင်းပွ(2.1%)၊ ငါးတန်(1.2%)၊ ငွေရောင်(3%) စသည်ဖြင့်ကြိုက်သလိုထည့်နိုင်ပါတယ်။ အဓိက ကတော့ကြက်နဲ့ငါးရဲ့ထည့်မွေးအချိုးပေါ်မူတည်ပြီး ကြက်တွေကထုတ်လိုက်တဲ့မစင်ပမာဏ (waste load)ကို Balance ဖြစ်စေနိုင်တဲ့ငါးအမျိုးအစားနဲ့အကောင်ရေကိုတွက်ချက်ထည့်သွင်းမှသာ ရေရှည် ကန်ရေအရည်အသွေးကိုထိန်းညှိနိုင်မှာပါ ရန်ကုန်၊ ဧရာဝတီနဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာလက်ရှိ စီးပွားဖြစ်မွေးနေကြတဲ့ Farm တွေမှာ ကြက်-ငါးထည့်သွင်းအချိုးက (0.1:1) ကနေ (10:1) အထိရှိပါတယ်။ မိမိရဲ့အနေအထားနဲ့ဆီလျော်မဲ့ဟာကို​လုပ်ဆောင်ရမှာဖြစ်ပါကြောင်းအကြံပြာပါတယ်။

6,582 လွန်ခဲ့သော ၁ နှစ် က

Integrated Farming System (ကြက်-ငါးရောနှောမွေးမြူခြင်းစနစ်ဖြစ်သည်။ ကြက်ကောင်ရေ ၁၀၀ သည် ၀.၁ ဧကကန်အတွက် minimum ထည့်သွင်းနှုန်းဖြစ်၍ ၁.၅ ဧကအတွက် ကောင်ရေ ၁၅၀၀ သည်သင့်တော်သည်။ အဆိုပါ ကန်တွင် ငါးကောင်ရေ ၆၀၀၀ ထည့်သွင်းမွေးမြူနိုင်သော်လည်း ဖြည့်စွက်အစာလိုအပ်ချက်ရှိလာနိုင်သည်။ ဖြည့်စွက်အစာမကျွေးလိုပါက ကန်အရည်အသွေးလဲထိခိုက်ညစ်ညမ်းမှုမဖြစ်စေရန် ကြက်နှင့်ငါးထည့်သွင်းမွေးမြူမှုအချိုး ၂း၁ (ကြက် ၂ ကောင်မှာ ငါး ၁ကောင်နှုန်းထည့်သွင်းမွေးမြူနိုင်သည်။

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။