ဖြေကြားချက် ၄ ခု
ငလျင်ဒဏ်သင့် မြေဆီလွှာများပြုပြင်ခြင်း • မြေဆီလွှာအတွင်းရှိမြေမှုန်များသည် ကြေကွဲပျက်စီးသွားခြင်း ဖြစ်ပေါ်နိုင်ပါသည်။ ထိုအချိန်တွင် ထယ်နက်နက် ထိုးခြင်းကို မပြုလုပ်သင့်ပါ။ • ဘိုကာရှီမြေသြဇာ (သို့) အော်ဂဲနစ်မြေဆွေး (သို့) နွားချေး၊ ကြက်ချေးများကို တတ်နိုင်သမျှ ထည့်သွင်းပေးပါ။ • မြေသားတည်ဆောက်မှုပိုမိုအားကောင်းစေရန် အခြားမြေပြင်ပစ္စည်းများ(ဒိုလိုမိုက်၊ ဂျစ်ပဆမ် နှင့် ဟူးမစ်အက်ဆစ် ပါဝင်သောမြေသြဇာများ)ကို ပြန်လည်ထည့်သွင်းပေးသင့်ပါသည်။ • မြေဆီလွှာကို ပြန်လည်စုစည်းထိန်းညှိပေးနိုင်သော သစ်စိမ်းမြေသြဇာအပင်(သို့) သက်တမ်းတို အပင်၊အမြစ်မွှေးများစွာပါရှိသည့်အပင်ငယ်များကို စိုက်ပျိုးသင့်ပါသည်။(ဥပမာ-ပဲတီစိမ်း၊မတ်ပဲ၊ ပဲကြီး၊ပိုက်ဆံလျှော် စသောပဲများနှင့်နေကြာ) • ထိုအပင်များကို သက်တမ်းရင့်သည်အထိ စိုက်ပျိုးထားရန်မလိုအပ်ပါ။ အမြစ်များအားကောင်း သည့်အချိန် ကြဲပက်ပြီး(၁-၂)လခန့်တွင် ထယ်ထိုးထွန်မွှေနိုင်ပါသည်။ • ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် ၎င်းအပင်များမှ အမြစ်မွှေးများသည် မြေဆီလွှာကြံ့ခိုင်မှုအတွက် အထောက်အပံ့ပေးသည်။
ဆက်စပ်မေးခွန်းများ
2025မိုးစပါးအတွက် အသက်145ရက် ရှိသော ဗျော့ထွန်းစပါးမျိုးအား ပျိုးထောင်စနစ်ဖြင့် စိုက်ပျိုးမည်ဆိုပါက မည်သည့် လ၊...
ဖြေကြားချက် 1 ခု
စပါးပင်တွေတအားအဖျားတွေခြောက်နေပါတယ်ဘာဖြစ်တာလဲဗျ
ဖြေကြားချက် 1 ခု
စပါးစျေးနူန်းသိချင်လို့
ဖြေကြားချက် 1 ခု
2024-2025နှစ် စိုက်ပျိုးရာသီတွင် စိုက်ပျိုးစရိတ် မျိုးတန်ဘိုး ဓါတ်မြေဩဇာ ပိုးသတ်ဆေး ရိတ်သိမ်းစရိတ်စသည့်ရင်း...
ဖြေကြားချက် 3 ခု
ပိုးသတ်ဆေးနှုန်းထားများသည် သီးနှံအမျိုးအစားအလိုက်၊ပစ်မှတ်ဖျက်ပိုးအမျိုးအစားအလိုက်၊ဆေးဖျန်းပုံး အရွယ်အစားအလိုက်...
ဖြေကြားချက် 1 ခု