အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
118
လွန်ခဲ့သော ၁ နှစ် က · ဖလမ်း

ဒီအပင်က‌တော့ ချင်ပြည်ကပါ ဒီအပင်ရဲ့ အသုံးဝင်ပုံသိချင်ပါတယ် ဗျ မြန်မာနိုင်ငံ ဘယ်ဒေသတွေမှာ ပေါက်လဲဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၃၆၀ ရက်
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့်တိမ်ထူထပ်ပြီးနှင်းကျ
စိုက်ပျိုးစီးပွား ချင်း အခွင့်အလမ်းနှင့် အခြားမေးခွန်းများ
Post image

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

တောင်လုံးကျော် Paris polyphylla Smith in D.Don, Taung lon kyaw Family Melanthiaceae နီပေါမှာ Satuwa ခေါ်ပြီး english မှာတော့ love apple လို့ခေါ်တယ်။ Paris အပင်ကို မျိုရင်းအတော်များများမှာ ထည့်သွင်းဖေါ်ပြကြတယ် Liliaceae family မှာထည့်ထားသလို Trillinaceae family ထဲမှာထည့်သွင်းခဲ့ပါတယ်။ နောက်ပိုင်း APG III system အရ family Melanthiaceae ထဲမှာ ထည့်သွင်းထားပါတယ်၊ တောင်လုံးကျော်ကို ပန်းခြံတွေမှာ အလှပင် အစြဖ် စိုက်ပျိုးကြပေမဲ့ ဆေးဝင်ပင် အပင်လည်းဖြစ်တယ်။ တောင်ကြီး.တက္ကသိုလ် ကို ပြင်ပစာစစ် သွားခဲ့စဉ်က သူငယ်ချင်း DrAyeWinKyi ဆီမှာ တွေ့ခဲ့ရတာပါ ၊ လွန်ခဲသောနှစ်ကလည်း ချင်းတောင်တန်းတွေပေါ်မှာလည်း ဒီအပင်ကို တွေ့ခဲ့ဖူးပါတယ်။ ပေပေါင်း ၆ ထောင်လောက်မှာပေါက်တယ်။ checklist of Myanmar ထဲမှာဖော်ပြမထားပါဘူး၊ သိပ္ပံအမည် paris ဆိုတာ equal အခိပ္ပါယ်ရပြီး polyphylla means poly is many, phylla is leaves. ဒါ့ကြောင့် အရွက်များစွာပါခြင်းကိုဆိုလိုပါတယ်၊ Taxonomic Description ဒီအပင်လေနှစ်ရှည်ခံသောအပင်မျိုဖြစ်ပြီး မြေအောက်တွင် tuberous root stock or rhizome ပါသောအပင်ဖြစ်သည်၊ အမြစ် နဲ့ အကိုင်းများဟာ မြေအောက်ပင်စည်ကနေ ထွက်လာတာဖြစ်ပါတယ်၊ မြေအောက်ပင်စည်ကသာ ဆေးဝင်ပိုင်းဖြစ်ပါတယ်၊ ပင်စည်သည် အနီရောင်သန်းသော ခရမ်းရောင်ရှိပြီး ဆလင်ဒါပုံရှိသည်၊ အရွက်များက စက်ဝိုင်းပတ်ပုံထွက်ခါ အဆစ်တဆစ်တွင် ၆ ရွက်မှ ၇ ရွက် စုပြုံထွက်ကြသည်၊ အရွက်တွင် ထင်ရှားသော ရွက်ကြောကြီး ၅ခုပါသည်၊ ပန်းခိုင်က ထိပ်ထွက် တပွင့်တည်း ဆိုင်းမို့ပန်းခိုင်ဖြစ်သည်၊ ပန်းပွင့်တွေက လိင်စုံ လေးချမ်းညီ အထက်တည်မပွင့်တို့ဖြစ်ကြသည်၊ ပွင့်ဖတ် ၆ ခုမှ၇ ခုထိရှိပြီး အရွက်နဲ့တူကာ ရွက်ကြော ၃ ခုပါသည်၊ အစိမ်းရောင်ဖြစ်ကြသည်၊ ပွင့်ချပ်ကမူ အရမ်းသေးငယ်ကာ သေးသွယ်သော linear shape ဖြစ်ကာ အဝါရောင်ဖြစ်သည်၊ ဝတ်ဆံဖိုအရေအတွက် များပြားပြီး ရေတွက်ကြည့်လျှင် ၂၀ ခန့်ရှိသည်၊ ဝတ်မှုံအိပ် အရောင် မီးခိုးရောင်သန်းပြီး apical appendage ပါရှိသည်၊ carpels အရေအတွက် ၃ ခုမှ ၁၀ ခုပါသော်လည်း အားလုံဆက်ကာ အစေ့အိမ်ခန်း တခန်းသာရှိသည်၊ အစေ့လောင်းများစွာပါပြီး နံရံကပ်ချက်တိုင်တွင်တွယ်ကပ်နေကြသည်၊ အစေ့အိမ်အရောင်နီညိုရောင်သန်းပြီး ဝတ်မှုံခံ ၇ ခုခန့်ရှိသည်၊ အသီးကတော့ ပန်းရောင်ရင့်ရင့် သန်းသော ဘယ်ရီသီးမျိုးဖြစ်ပါတယ်၊ အစေ့များအပေါ်မှာ အနီရောင် အရည်ရွှမ်းသော aril များနဲ့ဖုံးထားလေ့ရှိပါတယ်၊ ဒီအပင်ဟာ သစ်တောကြီးတွေ တောင်စောင်းတွေ စမ်းခြောင်း ဘေး မှာပေါက်တတ်ပြီး လောင်းရိပ်ကိုနှစ်သက်လှသောအပင်ဖြစ်ပါတယ်၊ စွတ်စိုပြီး မြေဆွေးကြွယ်ဝလှသောမြေအမျိုးစားကို အထူးပင်နှစ်သက်ပါတယ်၊ ဒီအပင်လေးတွေဟာ နီပေါနိုင်ငံမှာ ဟိုး ယခင်ကတည်းက တိုင်းရင်းဆေးဝင်အနေနဲ့သုံးစွဲခဲ့တာပါ၊ အဖျားရောဂါများ၊ ခေါင်းကိုက်ခြင်း၊ ထိခိုက်ခြင်း၊ burn နဲ့ အိမ်မွေးတိရိစ္ဆာန်များဖြစ်သောရောဂါများအတွက် ကုသရာမှာ သုံးတယ်လို့သိရပါတယ်၊ အခြား ဆေးဝင်မှုများလည်းရှိမှာပါ၊ ဒီအပင်တွေကို ကောက်ယူရာမှာ အသီးသီးသောကာလ ဖြစ်တဲ့ အောက်တိုဘာလထဲမှာ ကောက်ယူကြပါတယ်၊ ဘာ့ကြောင့်လဲဆိုတော့ အဲဒီမတိုင်မီ ကာလမှာ အပင်များကသေဆုံးကုန်လို့ဖြစ်တယ်၊ ဒီအပင်နဲ့ပတ်သက်ပြီး နီပေါနိုင်ငံက Gurung people လူမျိုးတွေမှာယုံကြည်မှုတခုရှိပါတယ် ဧပြီလလယ် ရဲ့ အင်္ဂါနေ့ Tuesday နေ့မှာ ကောက်ယူရင် ပိုလို့ဆေးစွမ်းထက်တယ်လို့ ယူဆထားကြပါတယ် ကျနော်တို့ဆီမှာ တန်ဆောင်မုန်းလပြည့်ည ဆေးပေါင်းခတဲ့ညလို တင်စားသလိုပါ၊ စီးပွားဖြစ်တင်ပို့ရောင်းချကြတာကတော့ သူ့ရဲ့ မြေအောက်ပင်စည် rhizomes ဖြစ်ပါတယ်၊ ခုချိန်မှာတော့ နီပေါ နိုင်ငံ Annapurna conservation area မှာပေါက်တဲ့ ဒီအပင်တွေကို တူးယူပြီး ကူးသန်းရောင်းဝယ်မှုကို တရားဝင်တားမြစ်ထားခံထားရတဲ့အပင်ပါ။ သတ်မှတ်ဧရိယာက ဘယ်အပင်ကိုမှ တူးယူခြင်းမပြုတဲ့သဘောပါ၊ ref. weikipedia ကျနော်တို့နိုင်ငံမှာလည်း အဲလိုသတ်မှတ်ထားပြီး တကယ်တူးခဲ့ရင် ပြတ်ပြတ်သားသားအရေးယူဖို့လိုပါတယ်၊ ခုတော့ အပင်တူးဖို့ မပြောနဲ့ တောတွေပြုံးနေလို့ သဘာဝပေါက် တောင်လုံးကျော် အပင်လေးတွေတောင် ရှိပါဦးမလားမသိ... သက်နိုင်ဦး မုံရွာ တက္ကသိုလ် ၄.၅.၂၀၁၈ Ref. Wikipedia

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၁ နှစ် က

တောင်လုံးကျော်ပင်, အပည့်အစုံကို အောက်မှာဖတ်ပါ။ https://www.facebook.com/360042720833435/posts/pfbid02TfkXUgWSsxpaTtoXbWzgwpAuityqXEXhKnDyBeKmoiaLqmnEPbv89mBrWAZwBGmLl/?app=fbl

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။