အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
133
လွန်ခဲ့သော ၁ နှစ် က · တံတားဦး

ကျွန်တော့်ကွမ်းခြံလေးစိုက်ထားတာဆီစွန်းလေး၃ပင်လောက်အခုမိုးရွာတာနဲ့စတင်တွေ့တာပါဗျ ဆီစွန်းကျတဲ့ပင်ကိုနုတ်ပစ်သင့်...

ကျွန်တော့်ကွမ်းခြံလေးစိုက်ထားတာဆီစွန်းလေး၃ပင်လောက်အခုမိုးရွာတာနဲ့စတင်တွေ့တာပါဗျ ဆီစွန်းကျတဲ့ပင်ကိုနုတ်ပစ်သင့်လားဗျ ဆေးတော့တစ်ရက်ခြားနှစ်ရက်ခြားဖျန်းပါတယ်ဗျအော်ဂဲနစ်ဆေးပေါ့ဗျာအခုလိုစတင်ပီရောဂါကျရောက်လာတော့အော်ဂဲနစ်ဆေးကိုလည်းဆက်ဖျန်းသင့်လား ပုံမှန်တိုင်းအော်ဂဲနစ်ကိုဆက်ဖျန်းရမလားပြောပေးကျပါအုံးဗျ ကာကွယ်ဆေးလေးတေလည်းပြောပေးကျပါအုံးဗျာကျေးဇူးပြူပီးတော့ အမှားပါရင်ခွင့်လွတ်ပါအုံးဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၃ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက်
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့်တိမ်ထူထပ်ပြီး မိုးဖွဲဖွဲရွာ
ပိုးမွှားရောဂါ ကွမ်း ကွမ်းဆီစွန်းရောဂါ

ဖြေကြားချက် ၃ ခု

349,556 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

1. ဘက်တီးရီးယားဆီစွန်းရောဂါက ပူနွေးစိုစွတ်တဲ့ ရာသီဥတုမှာ ဖြစ်လေ့ရှိပါတယ်။ အထူးသဖြင့်မိုးရွာတဲ့ချိန်တွေမှာ အဖြစ်များပါတယ်။ 2. ဒါကြောင့် ကွမ်းခြံအတွင်း ရေမဝပ်ရန် မြေသစ်ဖို့ခြင်း၊ ခြံပတ်မြောင်း၊ရေနုတ် မြောင်းများ ပြုလုပ်ပေးဖို့ မမေ့ပါနဲ့။ 3.အောဂဲနစ်ဆေးဖျန်းတာခဏရပ်နားထားပြီး Copper oxychloride+Bismerthiazol ဖျန်းပက်ပေးပါ။ 4.အပင်ကို မဖျက်စီးချင်ရင် ရောဂါကျအရွက်တွေကို စိုက်ခင်းအဝေးသို့ယူပြီး ဖျက်စီးပစ်ပေးပါ။

349,556 လွန်ခဲ့သော ၁ နှစ် က

ဆိုင်တွေမှာမေးဝယ်ပါ ကော့ပါးအောက်စီကလိုရိုဒ်+ဘစ်မာသိုင်ယာဇိုး ပါသောဆေး

133 လွန်ခဲ့သော ၁ နှစ် က

နားမလည်လို့ပါဗျကျေးဇူးပြုပီးဖျန်းသင့်တဲ့ဆေးနာမည်လေးကိုပြောပေးပါလာဗျ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။