ဖြေကြားချက် ၁ ခု
ကျွဲ၊ နွားများတွင် ဖြစ်တတ်သော သံကောင်အမျိုးအစားများမှာ- ၁. အူ(အူသိမ်၊အူမကြီး)ထဲရှိ ရိုးရိုးသံလုံးကောင်များ၊ ၂. အူသိမ်ထဲရှိ ချိတ်သံကောင်များ၊ ၃. အူမကြီးနံရံတွင် အဖုငယ်လေးများကိုဖြစ်စေသောသံကောင်များ၊ ၄. အသဲသံကောင်များ၊ ၅. အဆုပ်သံကောင်များ၊ ၆. အစာအိမ်သံကောင်များ၊ ၇. အူ(အူသိမ်၊အူမကြီး)ထဲရှိ သံပြားကောင်များ တို့ဖြစ်သည်။ ကျွဲ၊နွားများတွင်သံကောင်များစွဲကပ်နေပါကတွေ့ရမည့်လက္ခဏာများ၊ ၁. ကြီးထွားနှုန်းနှေးခြင်း၊ ရပ်တန့်ခြင်း၊ ၂. အစားမပျက်ပဲ၊ အလိုလိုပိန်လာခြင်း၊ ၃. အမွှေးများဆောင်းလာခြင်း၊ ၄. ၀မ်းပျက်ခြင်း၊၀မ်းသွားလျှင်သံကောင်ပါခြင်း၊ ၅. အထူးသဖြင့် နွားလေးများတွင် နံရိုးများပေါ်ကာ ဗိုက်ပူနံကားဖြစ်လာခြင်း၊ ၆. နို့စားနွား များတွင် နို့ထွက်နည်းသွားခြင်း၊ ဤအချက်များသည်စီးပွားရေးဆုံးရှုံးမှုများကိုဖြစ်ပေါ်စေသဖြင့် တောင်သူလယ်သမား များ၊ မွေးမြူရေးခြံပိုင်ရှင်များသည် ကျွဲနွားများကို အချိန်မှန် သံချ ဆေးတိုက်ကျွေးရန် လိုအပ်ပါသည်။ သို့ပါသောကြောင့် တိမွေးကုဆရာဝန်နဲ့ တိုင်ပင်ပြသပြီးမှ စနစ်တကျ တိုက်ကျွေးစေလိုပါသည်။
ဆက်စပ်မေးခွန်းများ
နွားသံရှိသောနွားများသည် မည်ကဲ့သို့ လက္ခဏာပြပါသလဲ
ဖြေကြားချက် 1 ခု
အသေးစိတ်ရှင်းပြပေးပါ
ဖြေကြားချက် 2 ခု
ဘဲအကောင်သုံးရာမွေးထားရာခွေးလိုက်ဆွဲလို့ကျနော်ဘဲဥနှုန်းကျနေပါသည်။ဥနှုန်းပြန်တက်ရန်အတွက်မည်ကဲ့သို့ဆောင်ရွက်ရမည်...
ဖြေကြားချက် 4 ခု
အေဇိုလာ ကို မန္တလေးမှာ ဘယ်ဆီက ၀ယ်ရတာပါလည်း
ဖြေကြားချက် 1 ခု
ကြက်ဉ အဆင့်ဆင့် ပေါက်ပုံကိုရှင်းပြလို့ရနိုင်မလားရှင့်
ဖြေကြားချက် 1 ခု