အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
471
လွန်ခဲ့သော ၁ နှစ် က · ကြံခင်း

ဘာဖြစ်တာလဲမသိလို့ပါဆရာကြီးတို့ ဘေးလက်လေးတေခြောက်နေတယ် တချို့ အပင်တေဆို သေနေတာတေလည်း တွေ့ရပါတယ်

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၄၅ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
ပင်စည်
ရာသီဥတု (တစ်ပတ်အတွင်း)
နေရာကွက်ကျားမိုးရွာ
Post image
Post image
Post image

ဖြေကြားချက် ၃ ခု

348,957 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

စပါးဘက်တီးရီးယားပင်ခြေပုပ်ရောဂါကျရောက်နေတာပါခင်ဗျာ။ ၁။ ပျိုးနှုတ်စဉ် အပင်ကို အနာတရမဖြစ်အောင် ဂရုစိုက်ပါ။ ၂။ ပျိုးခင်းစိုက်ခင်းကို မြေပြုပြင်စဉ်တွင် ပိုတက်ရှ် အပါအဝင် ဓာတ်မြေသြဇာကို အချိုးညီညီထည့်ပါ။ ၃။ ရောဂါကျဖူးသောမြေကို မြေပြင်စဉ်တွင် ကျောက်မှုန့်မြေသြဇာ ကို တစ်ဧကလျှင် (၆) ပိဿာနှုန်းထည့်ပေးပါ။ (သို့မဟုတ်) ထုံး (၁၅-၂ဝ) ပိဿာနှုန်းထည့်ပေးပါ။ ၄။ ရောဂါကျအခင်းကိုဖြတ်၍ ရေသွင်းရေထုတ် ပြုလုပ်ခြင်းကို ရှောင်ပါ။ ၅။ ရောဂါစတင်တွေ့လျှင်တွေ့ခြင်း အောက်ပါဆေးများ ပက်ဖျန်း အသုံးပြုပါ။ (က) Kasugamycin (ကာဆူကာမိုက် စင်) (ခ) Copper ကော့ပါးလ်ပါဝင်သော မှို သတ်ဆေးများ တစ်မျိုးမျိုးဖျန်းပက်ပေးပါ ရေသွင်းရေထုတ်ပြုလုပ်ပေးပါ။ ဓာတ်မြေဩဇာကျွေးတဲ့အခါမှာလည်း ပိုတက်ရှ်အိတ်ဝက်၊ဂျစ်ဆမ်တသ်အိတ်ကျဲပက်ပေးသင့်ပါတယ်။

2,181 လွန်ခဲ့သော ၁ နှစ် က

မြစ်ဖုနီမတုတ် ဆိုရင် တာဘိုစတားမြေပြင်မြေသြဇာဇာကို ၁ဧကကို ၁အိတ်ထည့်ပေးပါဗျ ပျောက်ပါတယ်ဗျ

471 လွန်ခဲ့သော ၁ နှစ် က

မြစ်ဖုလေးတေလည်း တွေ့ရပါတယ် ခင်ဗျ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။