အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၁ နှစ် က · လပွတ္တာ

ရေငံပုဇွန် ဧက 15ဧကရှိတယ် ပုဇွန်သားပေါက်ထည့်ထားပြီး 3လက်မခွဲ အရွယ်အစားရောက်မှ အကုန်သေကုန်လို့ဘာဖြစ်သလဲသိချင်ပါ...

ရေငံပုဇွန် ဧက 15ဧကရှိတယ် ပုဇွန်သားပေါက်ထည့်ထားပြီး 3လက်မခွဲ အရွယ်အစားရောက်မှ အကုန်သေကုန်လို့ဘာဖြစ်သလဲသိချင်ပါတယ်ဗျ သိသူများဖြေကြားပေးပါ

ဖြေကြားချက် ၇ ခု

6,582 လွန်ခဲ့သော ၁ နှစ် က

အထက်ပါအကြောင်းအရာများထဲမှ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသောအကြောင်းအရာများသည် မွေးမြူထားသည့်ပုစွန်များကို ရုတ်တရက်သေဆုံးခြင်း/အချိန်ကြာမှသေဆုံးခြင်း တစ်ခုမဟုတ်တစ်ခုဖြစ်စေနိုင်ပါကြောင်းအသိပေးအပ်ပါသည်။

6,582 လွန်ခဲ့သော ၁ နှစ် က

၆။ ရောဂါဖြစ်ပွားခြင်း - # အထက်ပါအကြောင်းအရာများကြောင့် ကန်ရေညစ်ညမ်းမှု၊ ရေအရည်အသွေးကျဆင်းမှုဖြစ်ကာ ပုစွန်များတိုက်ရိုက်သေဆုံးမှုဖြစ်နိုင်သလို၊ သေဆုံးမှုမရှိသော်လည်းပုစွန်များ၏ခုခံအားကျဆင်းနေမှုအခြေအနေတွင်ပတ်ဝန်းကျင်မှရောဂါများ(Diseases) အလွယ် တကူဝင်ရောက်နိုင်ပါသည်၊ # ဗိုင်းရပ်စ်/ဘက်တီးရီးယား (White Spot Syndrome Virus WSSV) သည်ပုစွန်များကိုရုတ်တ ရက် သေဆုံးမှုဖြစ်စေပြီး၊ ကန်အနှံ /တစ်ကန်ပြီးတစ်ကန်ကူးစက်လွယ်သဖြင့်အထူးစိုးရမ်စရာဖြစ်သည်၊ # Vibriosis (Vibrio spp:) ဘက်တီးရီးယားသည် ပုစွန်များကိုလှုပ်ရှားမှုနှေးကွေးစေခြင်း၊ အစာစား​ခြင်စိတ် မရှိစေခြင်းတို့ကြောင့်ကြာလာကသေဆုံးမှုဖြစ်စေနိုင်သည်။

6,582 လွန်ခဲ့သော ၁ နှစ် က

၅။ ကန်ထဲရှိအပင်မျှောလှေး (Algae /Phytoplankton)များ ပွားများမှုအခြေအနေ - # အပင်မျှောလှေး ပွားများမှုအရမ်း များခြင်း/ကန်ရေစိမ်းလွန်းခြင်း (Algae bloom) ကနေ Algae များရုတ်တရက်​သေသွားတဲ့အခါ DO ရုတ်တရက်ကျဆင်းဖြစ်သေည်၊ # Algae bloom သည်နေ့နင့်ည DO အတက်အကျကိုမြင့်မားသေည်၊ # Biofloc/Organic Load များခြင်းကြောင့်ကန်အောက်ခြေတွင်နုံးအနယ်မှုန်များ၊ ရေညှိအသေများ၊ အစာပိုများစုပုံလာပြီး အဆိပ် အတောက်ဖြစ်စေနိုင်သည့် NH3 တက်လာစေသည်။

6,582 လွန်ခဲ့သော ၁ နှစ် က

၄။ ရေလဲလှယ်ခြင်း(Water Exchange)အားဆီလျော်အောင်ဆောင်ရွက်မှုမရှိခြင်း - # ရေမလဲခြင်း/အချို့သောရေလဲလှယ်မှုမမှန်ခြင်းကြောင့်ရောဂါများဖြစ်နိုင်သည်၊ # ရေလဲလှယ်ချိန်တွင် DO drop (ကျဆင်းခြင်း)/အလွန်အမင်းရေလဲခြင်း တို့သည်ပုစွန်မျာကို Shock (ထိခိုက်မှု)ဖြစ်စေနိုင်သည်။

6,582 လွန်ခဲ့သော ၁ နှစ် က

၃။ အစာကျွေးခြင်းနှင့်ကျွေးသည့်အစာပမာဏ - # Overfeeding/Underfeeding: ပိုကျွေးခြင်းကရေညစ်ညမ်းမှု(NH3၊ NO2)တက်စေနိုင်ပြီး၊ နည်းလွန်းကပုစွန်များအားနည်းခြင်း ခံနိုင်ရည်မရှိခြင်းဖြစ်စေသည်၊ # အစာအဟာရတန်ဘိုးမပြည့်ဝခြင်း အရွယ်အစားမညီခြင်းကလည်းယင်းသို့ဖြစ်စေနိုင်သည်။

6,582 လွန်ခဲ့သော ၁ နှစ် က

၂။ ကန်ရေအရည်အသွေးပြဿနာများ - # ပျော်ဝင်အောက်ဆီဂျင်နည်းခြင်း (DO < 2 ppm)၊ # pH တန်ဘိုး ၇.၅ - ၈.၅ အတွင်းမရှိခြင်း၊ # ရေညစ်ညမ်းမှုကိုဖြစ်စေသော အမိုးနီးယား(NH3)၊ နိုက်ထရိုက် (NO2)တန်ဘိုးများမြင့်တက်လာခြင်း၊ # Turbidity/Suspended Solids (ရေနောက်ကျိခြင်း၊ အနယ်မှုန်များလခြင်း) ကြောင့်အသက်ရှုခက်ခဲခြင်း။

6,582 လွန်ခဲ့သော ၁ နှစ် က

မွေးမြူထားတဲ့ရေငံပုစွန်တွေဘာကြောင့်​သေသလဲ?၊ သေစေနိုင်တဲ့အကြောင်းအရာတွေကတော့အများကြီးရှိပါတယ်၊ ဖြစ်နိုင်တာတွေအောက်မှာဖော်ပြပေးထါးပါတယ်။ ၁။ သယ်ယူခရီးအကွာအဝေးနှင့်သားပေါက်(PL)အရည်အသွေး - # သားပေါက်စခန်းနဲ့အသားတိုးကန်ခရီးကွာဝေးမှုနှင့်သားပေါက်များသယ်ယူလာမှုအခြေအနေ(အပူချိန်၊ပျော်ဝင်အောက်ဆီဂျင်)၊ # သားပေါက်တွေရဲ့အရည်အသွေး၊ # သယ်ယူလာမှုကြောင့် Stress ရလာတဲ့ သားပေါက်တွေကိုစိတ်ချရမဲ့အရွယ်ထိ ၁-၂လ ပြုစုကန်မထားဘဲ ၁၅ဧက ကန်ကျယ်အတွင်းတိုက်ရိုက်ထည့်သွင်းမွေးမြူခြင်း၊ # ထည့်သွင်းမွေးမြူနှုန်း(Stocking Density) သင့်တော်မှုမရှိခြင်း (များလွန်းခြင်း/နည်းလွန်းခြင်း) တို့သည် ချက်ခြင်းမသေဘဲအရွယ်ကြီးမှသေဆုံးမှုဖြစ်စေနိုင်သည်။

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။