မြေပဲပင်တွေ ယာခင်းရဲ့အချို့နေရာတွေမှာ ဖြစ်နေပါတယ် ဘယ်လို ကုသလို့ရပ့သေးလဲ ဖြစ်တဲ့နေရာမြေထဲမှာ ဖိုးလမင်းကောင် တွေ့ရပါတယ်
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၆၀ ရက်
- မည်သည့်အပိုင်း ထိခိုက်သနည်း?
- တစ်ပင်လုံး
မြေပဲပင်စည်ပုပ်(Stem rot)ရောဂါကျနေတာပါခင်ဗျ၊ - ရောဂါရသည့် ပင်ကြွင်းပင်ကျန်များကို မီးရှို့ဖျက်ဆီးပါ။ - အပင်ငယ်စဉ်တွင် ရောဂါပျံနှံ့မှုနည်းပါးစေရန် အတွက်ရေ သွင်းရေထုတ် ကောင်းမွန် အောင်ပြုလုပ်ပေးရမည်။ - ပေါင်းပင်များတွင် ရော ဂါဖြစ်စေသော မှိုခိုအောင်း နေနိုင်သဖြင့် ပေါင်းပင်များကို ဖယ်ရှားပစ်ရမည်။ - ရောဂါဒဏ်ခံနိုင်ရည်ရှိစေရန်အတွက် ကျောက်မှုန့်မြေသြဇာကိုထည့်သွင်းပေးပါ။ - မျိုးစေ့လူးနယ်မှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် လူးနယ်စိုက်ပျိုး ပါ။ - ရောဂါလက္ခဏာစတင်တွေ့ ရှိပါက အောက်ပါမှိုသတ်ဆေး များကို အပင်နှင့် အပင်ခြေရင်းမြေထဲသို့ရွှဲရွှဲဖျန်းပါ။ - Hymexazol ကိုအပင်ခြေစိုရွှဲအောင်ဖျန်းပေးပါ။ - Azoxystrobin - Tebuconazole တမျိုးမျိုးကို အပင်များအား၁၀ရက်ခြားဖျန်းပက်ပေးပါ။
ဆက်စပ်မေးခွန်းများ
မြေပဲပင် ၂လနီးပါရှိပါပြီ အမြစ်ပုတ်ပြီး အပင်သေများနေလို့ပါ ဘယ်လိုလုပ်ရမလဲ ဘာဆေးသုံးရမလဲဆရာတို့
ဖြေကြားချက် 3 ခု
မြေပဲမင်ခြေပုပ် အမြစ်ပုတ်ဖြစ်နေတာ ဘာဆေးဖြန်းရင် ပျောက်ကင်းနိုင်ပါသလဲ Matalaxylဖြန်းတာ မပျောက်လို့
ဖြေကြားချက် 4 ခု
မြေပဲခင်းပါဗျ ဘာပိုးလို့ခေါ်ပါသလဲဆရာများခင်ဗျာ ဘယ်ဆေးအမျိုးအစားရွေးချယ်သုံးရမလဲဗျ
ဖြေကြားချက် 2 ခု
ဂျစ်(ပ်)ဆန်ကိုမြေပဲ၄၀ရက်သားမှာအသုံးပြုလို့ရသေးပါသလား
ဖြေကြားချက် 1 ခု
အဲ့ပိုးလေးတွေ မိတ်ဆွေပိုးတွေလားဗျ ပိုးသတ်ဆေးပက်ရမလားခင်ဗျာ။
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။