ဖြေကြားချက် ၁ ခု
ပုံဖြင့် ပြန်တင်မေးပေးပါဗျ၊ စပါးဘက်တီးရီးယားရွက်ခြောက်ရောဂါသေချာရင် ရောဂါပိုးအမည် ‒ ဘက်တီးရီးယားရွက်ခြောက်ရောဂါ ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒ Xanthomonas oryzae pv. Oryzicola ကာကွယ်နှိမ်နှင်းနည်း စပါးရွက်ခြောက်ရောဂါ ကာကွယ်ရန်အကောင်းဆုံးနည်းမှာ ရောဂါခံနိုင်ရည်ရှိသော စပါးမျိုးများ စိုက်ပျိုးခြင်းဖြစ်သည်။ စပါးမျိုးများသည် တစ်မျိုးနှင့်တစ်မျိုး ရောဂါခံနိုင်ရည်ရှိမှု ဗီဇများမတူညီကြ၍ ရောဂါကျရောက်လျှင်လည်း ခံနိုင်ရည်နည်းသောမျိုးသာ အဓိကကျရောက်နိုင်သည်။ ထို့ကြောင့် စပါးမျိုးတစ်မျိုးတည်းအား ဧရိယာများများစိုက်ပါက လွယ်ကူစွာ ကူးစက်နိုင်သည့်အတွက်မျိုးကွဲများနှင့် ယှဉ်တွဲစိုက်သင့်ပါသည်။ရောဂါကင်းသော စိုက်ခင်းမှအောင်မြင်သော မျိုးစေ့ကို သုံးရန်၊ပျိုးခင်းအား ရောဂါကင်းပြီး သန်စွမ်းသော ပျိုးရအောင် ဆောင်ရွက်ရန်၊ ပျိုးနှုတ်ရာတွင် ပျိုးပင်ထိခိုက်မှု နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ရန်၊ အာဟာရဓာတ်ကိုစုံလင်စွာ အသုံးပြုရန်၊ နိုက်တြိုဂျင်ဓါတ်မြေသြဇာ လျော့သုံးရမည်ဖြစ်ပြီး ပိုတက်မြေသြဇာကို များများသုံးပေးရန်၊ ရေသွင်း၊ရေထုတ် မှန်မှန်ပြုလုပ်ပေးရန် ရောဂါဒဏ်ခံနိင်ရည်နည်းသော စပါးမျိုးအားတစ်ကွင်းတစ်ဆက်တည်း ဧရိယာများစွာ စိုက်ပျိုးခြင်းမပြုရန်၊ ပေါင်းမြက် ၊ကောက်လေများ၊ စပါးရိုင်းများ ရှင်းလင်းပေးရန်၊ရောဂါကျစိုက်ခင်းမှ ရိုးပြတ်များအား မီးရှို့၍လည်းကောင်း၊ ထယ်ထိုးမြေမြှုပ်၍လည်းကောင်း မြန်မြန်ဆွေးအောင် ဆောင်ရွက်ရန်နှင့် BLB ရောဂါစတင်ကျရောက်လျှင် အောက်ပါဆေးများ အသုံးပြုပက်ဖျန်းပါ။ Kasugamycin (ကာစူကာမိုက်စင်) Copper ပါဝင်သောမှိုသတ်ဆေးများ Bismerthiazol ၁၀ရက်ခြား၂ကြိမ်တမျိုးမျိုးဖျန်းပေးပါ
ဆက်စပ်မေးခွန်းများ
စပါးအရွက်တေပုံပါတိုင်းဖြစ်နေလို့ပါပုံထဲကဆေးတော့ဖြန်းထားတယ်အဆင်ပြေနိုင်လားဘာဆေးဖြန်းရင်သင့်တော်ပါသလဲ
ဖြေကြားချက် 1 ခု
ဘာေရာဂါလဲသိချငိပါတယ်
ဖြေကြားချက် 1 ခု
စပါး ဘက်တီးရီးယားရွက်ခြောက်ေရာဂါ အတွက် အာမိုဗီးနပ်နဲ့ဟိုက်ပါပိုတက်သံုးလို့ရလား
ဖြေကြားချက် 2 ခု
ဘာရောဂါဖြစ်တာလဲခင်ဗျ အဟာရချို့တဲ့တာလား
ဖြေကြားချက် 1 ခု
စပါးပင်အရွက်ဖျားခြောက်တာတွေ့နေလို့ ဘာဆေးပက်ရမလဲ
ဖြေကြားချက် 1 ခု