အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
6
လွန်ခဲ့သော ၁ နှစ် က · တောင်ငူ

ကန်စွန်းရွက်စိုက်ပျိုးနည်းသိချင်လို့ပါ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
စိုက်ပျိုးနည်း ကန်စွန်းရွက် ကန်စွန်းစိုက်ပျိုးနည်း

ဖြေကြားချက် ၁ ခု

349,556 လွန်ခဲ့သော ၁ နှစ် က

ကန်စွန်းရွက် စိုက်ပျိုးနည်း 🍀🍀🍀🍀🍀🍀🍀🍀🍀🍀 မြန်မာအမည် - ကန်စွန်းရွက် အင်္ဂလိပ်အမည် - WATER GREENS ရုက္ခဗေဒအမည် - Ipomaea reptans poir မျိုးရင်းအမည် - CONVOLVULACEAE မူရင်းဒေသ ---------- ကန်စွန်းရွက်နှင့်ပတ်သက်၍ မည်သည့်ဒေသမှ စတင်စိုက်ပျိုးလာကြသည်ကိုအထောက်အထား မတွေ့ရပါ။ သို့သော်လည်းရှေးနှစ်ပေါင်းများစွာကပင် မြန်မာပြည်တွင် စိုက်ပျိုးလာကြပါသည်။ အမျိုးအစား ---------- မြန်မာနိုင်ငံတွင် ..... ၁ ။ မြန်မာကန်စွန်း- (ကန်စွန်းရိုးနီ)အရွက်နှင့် အပင်အရွယ်အစားမှာ သေးငယ်ပြီးနူးညံ့မှုနည်းသည်။ ရာသီဥတုဒဏ်ကိုပိုမိုခံနိုင်ပြီး လယ်ကွင်းထဲတွင်အလေ့ကျပေါက်သည်။ ၂ ။ တရုတ်ကန်စွန်း- အရွက်နှင့် အရိုးပင်စည်မှာ ကြီးထွားပြီးနူးညံ့မှုရှိပါသည်။ စိုက်ပျိုးသည့်ဒေသ ---------------- အောက်မြန်မာပြည်ဒေသအနှံ့အပြားတွင် စိုက်ပျိုးကြသည်။ အရှေ့တောင်အာရှဒေသရှိနိုင်ငံများ၌သာ စားသုံးကြသောကြောင့် ၎င်းဒေသများတွင်စိုက်ပျိုးကြသည်။ ရေမြေ ရာသီဥတု --------------- ရေကြိုက်သီးနှံဖြစ်သောကြောင့် ရေထိန်းသိမ်းအားနည်းသော သဲမြေနှင့် ဆပ်ပြာကျင်းမြေတို့တွင် မစိုက်ရချေ။ ရေသိုလှောင်ထိန်းသိမ်းနိုင်သော မြေဖြစ်လျှင် ကန်စွန်းကိုစိုက်ပျိုးနိုင်သည်။ မြေအချဉ်ဓာတ် ကိုအတော်အတန်ခံနိုင်သောကြောင့် မိုးများဒေသတွင် အစိုက်များသည်။ အအေးဒဏ်မခံနိုင်သောကြောင့် တောင်ပေါ်ဒေသတွင် ဆောင်းတွင်း၌မဖြစ်ထွန်းပါ။ မြေပြုပြင်နည်း ------------- ထယ်(၂)စပ်ထိုးပြီး ထွန်(၆-၈)စပ်မွှေပါ။ ထွန်ရေးညက်ပါက ကန်သင်းကန့်၍ အကွက်ဖော်ပါ။ ၎င်းနောက် ရေသွင်းပြီး သမန်းညက်သည်အထိဆက်လက်ထွန်မွှေပါ။ မြေဩဇာကျွေးနည်း ----------------- အခင်းသစ်တွင် မြေပြုပြင်ချိန်၌ နွားချေး(၁၀-၁၅)စီးထည့်သွင်းပြီး မစိုက်မီ(၁-၂)ရက်အလိုတွင် တစ်ဧကလျှင် ယူရီးယား(၁၁၂)ပေါင်၊ ဖော့စ်ဖိတ် (၅၆)ပေါင် ထည့်ပေးပါ။ စိုက်ပျိုးပြီးတစ်လအကြာတွင် နောက်ထပ်ယူရီးယား (၁၁၂)ပေါင် ထပ်မံကြဲပက်ပေးပါ။ စိုက်ပျိုးနည်း ---------- ကန်စွန်းကို ကိုင်းဖြတ်စိုက်ပျိုးနိုင်သော်လည်း အညွန့်ဖြတ်စိုက်က ပို၍ရှင်သန်သည်။ အဆစ်အနည်းဆုံး (၄)ဆစ်ပါသောကိုင်းများကို (၈-၁၀)လက်မအရှည်ခန့်ဖြတ်ယူ၍ စိုက်ကျင်းတစ်ကျင်းလျှင် (၂-၃)ပင် စိုက်ပါ။ စိုက်ရာတွင်စပါးစိုက်သကဲ့သို့ လက်ဖြင့်အောက်ခြေပိုင်းကိုမြေထဲအဆစ်နှစ်ဆစ်ဝင်အောင် ထိုးစိုက်ပါ။ တစ်တန်းနှင့်တစ်တန်း တစ်ပေကွာစိုက်တန်းတွင် တစ်ပင်နှင့်တစ်ပင် (၁၀)လက်မခြား၍ စိုက်ပါ။ မိုးတွင်းစိုက်ပျိုးလျှင် မိုးကြီးရိုက်၍အပင်များပါမသွားစေရန် အပင်ခြေတွင်တုတ်စိုက်ပြီး ချည်ထားပေးရန်လိုပါသည်။ တစ်ဧကလျှင် ပင်စည်ဖြတ်ပိုင်း(၁၀,၀၀၀ - ၁၅,၀၀၀)လိုသည်။ ရေသွင်းနည်း ----------- အပင်များချစိုက်ပြီးလျှင်ပြီးချင်း (၃)လက်မ အနက်ရအောင်ရေသွင်းပေးပါ။ အပင်များကြီးထွားလာသော အခါတွင် အခင်းထဲ၌ရေ(၃)လက်မ မှ (၆)လက်မ အထိရှိနေစေရန် ထိန်းသိမ်းပေးပါ။ နွေရာသီ ပူပြင်းသောအချိန်၌ အပူရှိန်ကြောင့်စိုက်ခင်းရှိရေများပူလာ၍ အပင်ကိုထိခိုက်နိုင်သောကြောင့် တစ်ပတ်တစ်ကြိမ် ရေလဲပေးသင့်သည်။ အပင်ပြုစုနည်း ------------- စိုက်ပြီး(၂၀-၃၀)ရက်အတွင်း ပေါင်းမြက်နှင့်အခြားအပင်များပေါက်လာပါက ရှင်းလင်းပေးပါ။ ၎င်းနောက် ဓာတ်မြေဩဇာကြဲပက်ပါ။ ကန်စွန်းရိတ်သိမ်းရာ၌ ပေါင်းများရှိနေပါက တစ်ပါတည်းရှင်း၍ ဓာတ်မြေဩဇာကြဲပက်ပါ။ ရိတ်သိမ်းခြင်း ----------- ကန်စွန်းကို ရိတ်သိမ်းရာတွင် ရေကိုအခင်းအတွင်း(၅)လက်မခန့်သို့လျှော့ချပြီး ကန်စွန်းပင်များကို ရိတ်သိမ်းရန် ဖြစ်ပါသည်။ ရိတ်သိမ်းပြီးကျန်နေသောကန်စွန်းငုတ်များကို ရေပေါ်တွင်(၂-၃)လက်မ ပေါ်နေရန်လိုပါသည်။ သို့မှသာ ၎င်းအပင်ငုတ်များမှ ထပ်မံပြီးအတက်များထွက်နိုင်မည်ဖြစ်ပါသည်။ ကန်စွန်းပင်များ စိုက်ပြီးနောက်ရက်(၆၀-၁၂၀)တွင် ရိတ်သိမ်းနိုင်ပြီဖြစ်ပါသည်။ ကန်စွန်းသည် မိုးတွင်းအခါများတွင် အလွန်ဖြစ်ထွန်းပါသည်။ တစ်ဧကလျှင်ကန်စွန်းပိဿာချိန် (၅၀၀-၁,၀၀၀) အထိထွက်နိုင်ပါသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။