အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
9,804
လွန်ခဲ့သော ၁ နှစ် က · ချောက်

ဟဲဟဲ😄 ခရမ်းချဥ်စိုက်လာတာ ၃ နှစ်ရှိပီ ဒီနှစ်ကောဆို ၄ နှစ်ပေါ့ဆျာ ရှေ့ ၃ နှစ်မှာ အပင်ရေ ၃၀၀ ရာလောက်စိုက်တာ သေချာ...

ဟဲဟဲ😄 ခရမ်းချဥ်စိုက်လာတာ ၃ နှစ်ရှိပီ ဒီနှစ်ကောဆို ၄ နှစ်ပေါ့ဆျာ ရှေ့ ၃ နှစ်မှာ အပင်ရေ ၃၀၀ ရာလောက်စိုက်တာ သေချာတွက်ကြည့်ရင် ၃နှစ်လုံး အနှုတ်ပြတယ် အဲ့ ၃ နှစ်မှာအပင်တွေဘာဖြစ်လဲဆိုရင် ၁ ။ အောက်က ပိုးတီကောင်ဆွဲ ပြီးသေတယ် ၂ ။ ခါးရိရောဂါဖြစ်တယ် ၃ ။ အပင်ညှိုးရောဂါဖြစ်တယ်.. ၄ ။ အပွင့်ပွင့်ချိန် မိုးများတယ် ၅ ။ ဆေးနဲ့အနာနဲ့မတည့်တဲ့ဆေးတွေ စိတ်ကလောပြီး ဖျန်းမိတယ် ၆ ။ အပွင့် ခိုင် 6 ပွင့်တစ်ခိုင်မှ ၂ လုံးလောက်ပဲ အသီးတင်တယ်.. စသည်ဖြစ်ပေါ့ဆျာ - ဒီနှစ်တော့အရင် နှစ်တွေထက် အပင် ရေ 800 လောက်စိုက်ထားတယ် အပင်အနေအထားတွေတော့ပုံထဲကပါတဲ့အတိုင်း ခုချိန်ထိတော့အဆင်ပြေနေဆဲ ထွန်းယက်ပီးမစိုက်ခင်မှာလဲ မြေအောင်းပိုးသတ်ဆေးထည့်တယ် တာရာဖစ်ထည့်ထားတယ်... ဒီနှစ်တော့အောင်မြင်ချင်ပါတယ်ဆျာတို့ ပဲသီးကလဲစျေးကောင်းနေတော့ ပဲတောင့်ရှည်လေးပါညှပ်စိုက်ထားတယ်😅 ပဲကအပေါ်တက်မှာမို့ ခရမ်းချဥ်အတွက် မထိခိုက်နိုင်ဘူးလားလို့ပါဆျာ - ပုံထဲမှာ ဆေးဖျန်းထားတဲ့ရက်ရော လက်ရှိ ကျွန်တော့်ဆီမှာရှိတဲ့ အားဆေး မှိုဆေး ပိုးသတ်ဆေး အနည်းလို အဟာရဓာတ်များ အဲ့ဆေးတွေရှိနေသေးတယ် ဒီနှစ်မှဝယ်ထားတဲ့ဆေးတွေရော မနှစ်က လက်ကျန်တွေရောပါ ဆေးတွေထပ်ဖြည့်ဖို့လိုသေးလား အသီးပွင့်အားဆေးတွေထပ်ဝယ်ရအူးမလား ရာသီကုန်ထိ အဲ့ဆေးတွေနဲ့အဆင်ပြေလောက်လား အားမနာတမ်းပြောပါဆျာ ဒီနှစ်တော့. အောင်မြင်ချင်လို့ဆျာတို့ရဲ့. လမ်းညွှန်မှုအတိုင်း ကျွန်တော်ဆောင်ရွက်ပါမယ်ခင်ဗျ ပဲတောင့်ရှည်အပင်​ပေါက်အရွက်တေမှာတော့ လောက်ကောင်တွေနဲ့လောက်ချေးအမဲတွေ တွေ့ရပါတယ်ခင်ဗျ ဒီထဲက ဘယ်ဆေးနဲ့အဆင်ပြေလောက်မလဲခင်ဗျ ကွန်ပေါင်းရော ကျွေးလို့ရပီလားခင်ဗျ . စာရှည်သွားတဲ့အတွက်လဲတောင်းပန်ပါတယ် အားလုံးကိုလေးစားလျှက်ပါဆျာတို့

Post image
Post image
Post image
Post image
Post image
+၃

ဖြေကြားချက် ၃ ခု

348,989 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

မည်သည့်ဆေးပဲဖျန်းဖျန်းအနည်းဆုံး၃ရက်ခြားခွာ၍ဖျန်းပါ

352 လွန်ခဲ့သော ၁ နှစ် က

မှိုဆေးကောင်းတာလေးတွေ ထပ်ဖြည့်ထားရင် ကောင်းမယ် zole ပါတဲ့ AI မျိုးတွေပေါ့ အကြံပေးတာပါ

348,989 လွန်ခဲ့သော ၁ နှစ် က

ကွန်ပေါင်းကျွေးလို့ရပါပြီဗျ၊ အပင်ခြေအမြစ်နားကပ်မထည့်ပါနဲ့ ၊ပမာဏမများစေရန်သတိပြုပါ ပိုးကျရောက်မှုကတော့ အရမ်းဆိုးဝါးစွာမရှိသေးရင် ပင်လုံးပြန့်အာနိသင်ရှိတဲ့ဆေးတမျိုးမျိုးဖြင့်ကာကွယ်ထားပါ၊

You

ဆက်စပ်မေးခွန်းများ

ဆရာကြီးခင်ဗျ ခရမ်းချဥ်စိုက်ဖို့ စိုက်ဘောင်တော့တင်ပြီးပါပြီ ခရမ်းချဥ် ရွှေ့စိုက်တဲ့အချိန်မှာ ကွန်ပေါင်း 15 ပတ်...

ဖြေကြားချက် 2 ခု

ယူနဒီ တော့ ဒီနေ့ ဖြန်းထားတယ်ဗျ ဘာဆေးသုံးရမလည်း ဖြေပေးပါအုံး ရွှေစိုက်ပြီး ၂၁ ရက်ပါ ဗျ ဘယ်လိုပြုစုရမယ်ဆိုတာ သင်...

ဖြေကြားချက် 2 ခု

ရေဘဝဲခရမ်းချဥ်သီး အခုလို အရွက်ဝါလာလို့ အတော်များများ ညှပ်ပစ်လိုက်တယ်

ဖြေကြားချက် 6 ခု

ခရမ်းချဉ်ကို အဆီဘယ်လိုကျွေးရမလဲ ရှင်းပြပေးကြပါအုံးခင်ဗျာ

ဖြေကြားချက် 1 ခု

ခရမ်းချဉ်ပျိုးထောင်ရက် ၇ ရက်သားကိုပျိုးပင်လှီနေလို့အပင်သန်အောင်ဘယ်လိုအားဆေးဖျန်းသင့်လည်းဘာ​မြေသြဇာသုံသင့်လည်းဆ...

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။