အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
403
လွန်ခဲ့သော ၁ နှစ် က · ကျောက်ပန်းတောင်း

ခရမ်းချဉ်ကို အဆီဘယ်လိုကျွေးရမလဲ ရှင်းပြပေးကြပါအုံးခင်ဗျာ

ဖြေကြားချက် ၁ ခု

348,989 လွန်ခဲ့သော ၁ နှစ် က

၁) စိုက်ဘောင်အကျယ် – (၃) ပေ သို့မဟုတ် (၃) ပေခွဲ၊ အမြင့် (၈) လက်မမှ (၁) ပေအထိ ထားပါ။ (စိုက်ဘောင် အရှည်ကို ရေထုတ်ရ လွယ်ကူအောင် ပေ (၁၀၀) အထက် မထားသင့်ပါ) (၂) ရေထုတ်မြောင်းကို ခြေသွားလမ်းထက် နက်အောင်တူးပါ။ မြေခံ ဓာတ်မြေသြဇာ၊ နွားချေးဆွေး၊ ကြက်ချေးဆွေးနဲ့ ဖွဲပြာတွေကို သမအောင်ရောမွှေ၍ ဘောင်အရှည် (၃) ပေတိုင်းအတွက် (၁၅) ပတ်လည် (၂) ဇွန်း၊ နွားချေး (၁) ပြည်၊ ဖွဲပြာ (၁) ပြည်နှုန်း ထည့်ပါ။ ဘောင်အပေါ်ကို အနံ (၄) ပေရှိတဲ့ ပလပ်စတစ် (ခဲမဲရောင်) ကို အဖြူရောင်အပေါ်မှ အုပ်ပါ။ (၃) ဘောင်နှုတ်ခမ်းမှ (၉) လက်မအကွာမှာ အတန်းလိုက်စိုက်ပါ။ စိုက်တန်း (၂)တန်းရပါမယ်။ တစ်ပင်နဲ့တစ်ပင် (၁) ပေခွဲကနေ (၂) ပေ အထိ ခွာစိုက်ပါ။ ဖိုခနောက်ဆိုင် စိုက်ပျိုးပါ။ မြေသြဇာနှင့် ပိုးသတ်ဆေး သုံးစွဲမှု ------------------------------ (၁) ခရမ်းချဉ်ပင်ကို မိုးရာသီမှာ ပုလဲမြေသြဇာကို အလွန်အကျွံမကျွေးရပါ။ ပန်းပွင့်စအချိန်မှာ ပုလဲကျွေးမိရင် အသီးမတင် ဖြစ်တတ်ပါတယ်။ အသီးတင်ချိန်မှာမှ ပိုတက်ရှ် နဲ့ ပုလဲကို ရောကျွေးပေးပါ။ (၂) မှိုရောဂါကာကွယ်ဆေးအဖြစ် “ဒိုင်ကိုဇက်” ကို (၅) ရက်ခြား အလှည့်ကျဖျန်းပေးပါ (၃) အပင်ငယ်စဉ် စုပ်စားပိုးများကျရောက်မှုမှကာကွယ်နိုင်ရန် “ကေလာ၊ အေမီဒါ” ဆေးတစ်မျိုးမျိုး ပက်ဖျန်း၍ ကြိုတင်ကာကွယ်ပေးနိုင်ပါသည်။ (၄) သားတက်ဖဲ့ခြင်း၊ အရွက်ရင့်ညှပ်ခြင်းများ ဆောင်ရွက်ပေးပါ။ အချိန်မီ တိုင်ထောင်ခြင်း၊ တန်းလုပ်ခြင်းများကို ဆောင်ရွက်ပေးပါ။

You

ဆက်စပ်မေးခွန်းများ

ဟဲဟဲ😄 ခရမ်းချဥ်စိုက်လာတာ ၃ နှစ်ရှိပီ ဒီနှစ်ကောဆို ၄ နှစ်ပေါ့ဆျာ ရှေ့ ၃ နှစ်မှာ အပင်ရေ ၃၀၀ ရာလောက်စိုက်တာ သေချာ...

ဖြေကြားချက် 3 ခု

ဆရာကြီးခင်ဗျ ခရမ်းချဥ်စိုက်ဖို့ စိုက်ဘောင်တော့တင်ပြီးပါပြီ ခရမ်းချဥ် ရွှေ့စိုက်တဲ့အချိန်မှာ ကွန်ပေါင်း 15 ပတ်...

ဖြေကြားချက် 2 ခု

ယူနဒီ တော့ ဒီနေ့ ဖြန်းထားတယ်ဗျ ဘာဆေးသုံးရမလည်း ဖြေပေးပါအုံး ရွှေစိုက်ပြီး ၂၁ ရက်ပါ ဗျ ဘယ်လိုပြုစုရမယ်ဆိုတာ သင်...

ဖြေကြားချက် 2 ခု

ခရမ်းချဉ်ပျိုးထောင်ရက် ၇ ရက်သားကိုပျိုးပင်လှီနေလို့အပင်သန်အောင်ဘယ်လိုအားဆေးဖျန်းသင့်လည်းဘာ​မြေသြဇာသုံသင့်လည်းဆ...

ဖြေကြားချက် 1 ခု

ဆရာ မိုးရွာပြိဆိုတော့လေ အပွင့်တွေလဲဝင်နေပိဆိုတော့ ကွန်ပေါင်း ထပ်ကျွေးဖို့လိုသေးလားခင်ဗျ ဆရာ့လဲမေးရတာအားနာနေပါ...

ဖြေကြားချက် 7 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။