အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
9,804
လွန်ခဲ့သော ၁ နှစ် က · ချောက်

ဆရာခင် ဗျ ခရမ်းချဥ် အသီးပွင့်အတွက် အခုပြထားတဲ့ အားဆေးတွေနဲ့အဆင်ပြေလားခင်ဗျ ဘယ်ဟာနဲ့ ဘယ်လို တွေတွဲသုံးရမလဲခင်ဗျ...

ဆရာခင် ဗျ ခရမ်းချဥ် အသီးပွင့်အတွက် အခုပြထားတဲ့ အားဆေးတွေနဲ့အဆင်ပြေလားခင်ဗျ ဘယ်ဟာနဲ့ ဘယ်လို တွေတွဲသုံးရမလဲခင်ဗျ အဖူးတွေဝင်နေပါပြီ မနှစ်ကလိုဆေးမှားမှာ ကြောက်နေလို့ပါခင်ဗျ မြေချစိုက်တာ ၂၁ ရက်ရှိပါပြီ အသီးပွင့်အားဆေးလိုက်လို့ရပီလားခင်ဗျ မှိုဆေးကတော့ မက်တလဇီး / မတလဇီး + မန် ကိုဇက် အဲ့နှစ်မျိုးရှိပါတယ် ကော့ပါး ထပ်ဖြည့်ဖို့လိူသေးလားခင်ဗျ အဖူးဖူးနေပြီဆိုတော့ မှိုဆေးပဲဖျန်းရမလား အားဆေးဖျန်းရမလား မိုးရွာတာ ၁ ရက်ရှိပါပြီ မိုးမများပါခင်ဗျ

မြေဆီလွှာ ခရမ်းချဉ် ဆေးဖျန်းနည်း
Post image
Post image
Post image
Post image
Post image
+၁

ဖြေကြားချက် ၃ ခု

349,542 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

Copper ကတော့ ဘက်တီးရီးယား အနက်စက်ရောဂါကာကွယ်ရန်နှင့် ကျရောက်ချိန်မှာဖျန်းရမည့်ဆေးပါဗျ၊ တချိန်ချိန်မှာတော့ လိုအပ်လာနိုင်ပါတယ်ဗျ၊

349,542 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

မိုးကင်းသွားရင်ထူးကောင်းအားဆေးဖျန်းပေးလို့ရပါပြီဗျ၊ မိုးအရမ်းမများဘဲရေဝပ်ခြင်းလည်းမရှိပါက မှိုဆေးထက် အားဆေးအရင်ဖျန်းလိုက်ပါဗျ၊မှိုဆေးကအစောပိုင်းချိန်တွေမှာဖျန်းထားခဲ့တာမို့ ကျမယ်မထင်ပါဘူးဗျ။ အားဆေးဖျန်းပြီး ၇-၁၀ရက်ကြာမှ metalaxy တမျိုးတည်းပါ‌မှိုဆေးကို ညနေခင်းနေအေးချိန်မှာဖျန်းပေးပါဗျ။

9,804 လွန်ခဲ့သော ၁ နှစ် က

ကျေးဇူးအထူးပါခင်ဗျ

You

ဆက်စပ်မေးခွန်းများ

တိုင်ထောင်ပဲ ပွင့်ထွေးကို ဒယ်ဗလယ် နဲ့ ဘူပရိုဖီဇင် ရောဖြန်းရင်နိုင်သလားဆရာ

ဖြေကြားချက် 1 ခု

စပါးကြဲခင်းမှာ ပေါင်းသတ်ဆေးနဲ့ အားဆေးဘယ်ဟာအရင်လိုက်ရမလဲဗျ ရက်ကတော့၁၃ရက်သားလောက်တော့ရှိပြီဗျ ကြဲခင်းထဲမှာတော့ရေ...

ဖြေကြားချက် 4 ခု

မိုးစပါး Gw11 စပါးကို ဘယ်နှစ်ကြိမ်လောက်ထိ မှိုဆေး ြဖန်းရမလဲဗျ မှိုမဖြစ်လည်း ကြိုတင်ကာကွယ်တဲ့အနေနဲ့ ြဖန်းလို့ရမ...

ဖြေကြားချက် 1 ခု

ဒီဆေးလေးတွေက ခရမ်းချဉ်ငရုပ် အတွက် ဘယ်လိုသုံးလို့ရလဲ ညွှန်ကြားပေးပါအုံးဆရာတို့

ဖြေကြားချက် 2 ခု

ဆေးရောက်ပီဆျာရေ ဆေးမှာရတာအရမ်းခက်ပါတယ် ဆေးဖိုးတင် 90000 နီးပါး အခု အစုံအလင်ဆို ၂ သိန်းကျော်သွားပြီ ဆျာညွှန်တဲ့...

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။