အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
556
လွန်ခဲ့သော ၁ နှစ် က · ဟင်္သာတ

အမိုနီယံဆာလဖိတ် နဲ ၁၅ ပတ်လည်ကို ရောပတ်တာ တစ်ပတ်လောက်ရှိပီ အပင်ကအရောင်မပြောပဲ အဖျားခြောက်ပီးဝါနေတယ် အထူးသဖြင့်...

အမိုနီယံဆာလဖိတ် နဲ ၁၅ ပတ်လည်ကို ရောပတ်တာ တစ်ပတ်လောက်ရှိပီ အပင်ကအရောင်မပြောပဲ အဖျားခြောက်ပီးဝါနေတယ် အထူးသဖြင့်ဘေးရွက်တေပါ ရွက်ဖုန်းခြောက်လက္ခဏာတွေတယ်ခဗျ ခြောက်နေတဲ့ရွက်ဖုန်းမှာ အကွက်တွေ ရွက်ဖုန်းခြောက်ဟုတ်ပါသလားခဗျ

ပိုးမွှားရောဂါ စပါး စပါးရွက်ဖုံးခြောက်ရောဂါ
Post image
Post image
Post image
Post image
Post image
+၃

ဖြေကြားချက် ၁ ခု

348,989 လွန်ခဲ့သော ၁ နှစ် က

စပါးရွက်ဖုံးခြောက်ရောဂါဟုတ်ပါတယ်ဗျ ရောဂါပိုးအမည် ‒ ရွက်ဖုံးခြောက်ရောဂါ ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒ Rhizoctonia solani ကာကွယ်နှိမ်နှင်းနည်း ကောက်ပင်စိပ်လွန်းစွာ မစိုက်သင့်ပါ။ရောဂါ ကျရောက်ဖူးသော မြေတွင် နိုက်ထရိုဂျင်ဓါတ်ပါသော မြေသြဇာလွန်ကဲစွာ မကျွေးရ၊ လိုအပ်ပါက အကြိမ်ခွဲ၍ထည့်သွင်းပါ။ ပဲမျိုးရင်းဝင် သီးနှံဖြင့်သီးလှည့်စိုက်ခြင်းသည် ရောဂါဖြစ်စေနိုင်မှု နည်းစေပါသည်။ရောဂါကျ ပင်ကြွင်းပင်ကျန်ဖယ်ရှားကာ စုပုံမီးရှို့ပါ။(သို့)ထယ်နက်နက်ထိုး၍ မြေမြှုပ်ပစ်ပါ။မြေကိုအနည်းဆုံး တစ်လပေါင်းမြက်ရှင်းလင်းစေပြီး အစိုဓါတ်ရှိသော အခြေအနေတွင် မြေလှပ်ထားပါ။ရောဂါစတင်တွေ့လျှင်တွေ့ခြင်း အောက်ပါမှိုသတ်ဆေးများ ပက်ဖျန်းအသုံးပြုပါ။ (က) Azoxystrobin (အဇိုစီစတိုဘင်) (ခ) Hexaconazole ( ဟက်ဆာကိုနာဇိုး) (ဂ) Propiconazole (ပရိုပီကိုနာဇိုး) (ဃ) Thiophanate methyl (သိုင်အိုဖာနိတ်မီသိုင်း) (င) Validamycin (ဗလစ်ဒါမိုင်ဇင်) (စ) Chlorothalonil (ကလိုရိုသာလိုနေး)

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။