စပါးခင်းကပုံထဲကအတိုင်းအဖျားတွေဝါနေလို့ဘယ်လိုလုပ်ရမလဲသိချင်ပါတယ်
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
- အပင်သက်တမ်း
- ၅၆ ရက်
- ရာသီဥတု (တစ်ပတ်အတွင်း)
- အသင့်တင့် နေသာပြီး မိုးရွာ
အရွက်ဖျားအလိပ်ကို ဖြည်ကြည့်ပါ မည်းမည်း အကောင်လေးတွေတွေ့ရင် လှေးပိုးကျတာဖြစ်နိုင်ပါတယ်။ အပင်ခြေမှာဖြုတ်ပိုးကျမကျစစ်ဆေးပါ ဖြုတ်ပိုးကျရင်လည်း အဖျားခြောက်နိုင်ပါတယ်။ ဖျက်ပိုးကျတာမရှိဘူးဆိုရင်တော့ ရေသွင်းရေထုတ်မလုပ်ဘဲပုလဲမြေဩဇာချည်းအသုံးပြုတာများလို့ ပိုတက်ဆီယမ်ချို့တဲ့တာဖြစ်နိုင်ပါတယ်၊ ပိုတက်မြေဩဇာ၈ပြည်နှင့် ဂျစ်ဆမ်တစ်အိတ်ကြဲပက်ပေးပါဗျ
ဆက်စပ်မေးခွန်းများ
စပါးအဖုံးမှထွက်ခါစအနှံမှာလှေးပိုးတွေ့လို့စပါထွက်နုန်းထိခိုက်နိုင်ပါသလားခင်ဗျာ
ဖြေကြားချက် 3 ခု
ဆရာတို့ ၂လသားကျော်ပြီပုံထဲကအတိုင်းဖြစ်နေလို့ရောဂါလားပိုးလားဗျဘာဆေးဖျန်းရမလဲအကြံပေးခဲ့ပါ
ဖြေကြားချက် 1 ခု
ဆရာတို့ကူညီပါ ဘာဖြစ်တာလဲဗျာ အခင်းအကုန်နီးပါဖြစ်နေပါတယ်ရေတော့ဖြတ်ထားတာမို့လို့ပါ
ဖြေကြားချက် 2 ခု
ပုံပါအတိုင်းအရွက်လုံးအညွန့်လုံးဖြစ်နေ
ဖြေကြားချက် 1 ခု
စပါးပင်က ပုံပါအတိုင်း အရွက်တွေလုံးပြီး လိပ်နေပါတယ်၊ အထဲမှာ ဘာမှတော့မတွေ့ရပါဘူး။ ဘာဖြစ်တာလဲဗျ။ ဘယ်လိုကုသရမလဲ။
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။