အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
1,928
လွန်ခဲ့သော ၁ နှစ် က · မြိုင်

သင်းဘောစေ့ ပျိုးတာ မပေါက်လို့ပါခင်ဗျ ၇၈၇ မျိုးစေ့ပါ ၂၄ နာရီ ရေစိမ်ပြီး ပျိုးအိပ်ထဲ ထဲ့ပျိုးတာပါဗျ ရေလည်း အမြဲ...

သင်းဘောစေ့ ပျိုးတာ မပေါက်လို့ပါခင်ဗျ ၇၈၇ မျိုးစေ့ပါ ၂၄ နာရီ ရေစိမ်ပြီး ပျိုးအိပ်ထဲ ထဲ့ပျိုးတာပါဗျ ရေလည်း အမြဲ စိုနေအောင် ဖျန်းပေးပါတယ်ဗျ ကူညီပြီး ပြောပေးကြပါဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၂၅ ရက်
စိုက်ပျိုးနည်း သင်္ဘော သင်္ဘောပင်ပျိုးထောင်နည်း
1

ဖြေကြားချက် ၁ ခု

348,989 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

သင်္ဘောပင်ပျိုးထောင်နည်း သင်္ဘောပင်ပျိုးထောင်ရန်အတွက် ပျိုးဘောင်၊ ပျိုးခင်း၊ ပလတ်စတစ်အိတ် စသည်တို့ကိုအသုံးပြု နိုင်ပါသည်။ ပျိုးထောင်မည့်မြေသည် နွားချေးဆွေး၊ သဲ၊ မြေကြီးတို့ကိုဆတူရောမွှေထားသော မြေမျိုး ဖြစ်ရပါမည်။ သင်္ဘောစေ့ကိုပျိုးထောင်ရာတွင်မြေနက်နက်ဖုံးမိလျှင် အစေ့ပုတ်သွားပြီး အပင်ပေါက် ညံ့ဖျင်းတတ်သည်။ အစေ့ကိုမြေပါးပါးလောက်ပဲဖုံးပါ။ အပေါ်မှကောက်ရိုးပါးပါးဖုံးအုပ်ထားပါ။ ရေလောင်းပေးပါ။ ကောက်ရိုးပါးပါးအုပ်ထားပါမှ ရေလောင်းသည့်အခါအစေ့များပေါ်မလာအောင် ထိန်းပေးရင် အပူဒဏ်လည်းကာကွယ်ပေးနိုင်ပါသည်။ သင်္ဘောပျိုးထောင်သူတချို့ကပျိုးထောင်ရာတွင်သွပ်ပြားကိုအောက်ခံပြီးမှယင်းအပေါ်မြေသား လေးလက်မခန့်အထူထည့်၍ပျိုးထောင်လေ့ရှိသည်။ ထိုအခါ အဖိုသည်အမပင်ထက်ပိုမိုသန်စွမ်း သောကြောင့်အမြစ်သည်အောက်တွင်ခံထားသောသွပ်ပြားနှင့်မြန်မြန်ထိလွယ်ပေရာပြောင်းရွှေ့စိုက်ပျိုး ချိန်တွင်အဖိုပင်များသည်ညှိုးနွမ်းလေ့ရှိသည်။ အဖိုပင်နှင့်အမပင်ခွဲခြားရာတွင်ဤနည်းကိုအများဆုံး အသုံးပြုကြသည်။ ပျိုးသက်တစ်လခွဲမှနှစ်လသားခန့်ရှိလျှင်စိုက်ခင်းသို့ပြောင်းရွေ့စိုက်ပျိုးနိုင်ပါသည်။ ပျိုးအိပ်ဖြင့်လည်းတစ်ပင်ချင်းစီပျိုးနိုင်ပါသည်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။