အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဝဏ္ဏစိုး
လွန်ခဲ့သော ၁ နှစ် က · မြောင်းမြ

ဒီနှစ်ဆောင်းသီးနှံပဲတီစိမ်းစျေးကောင်းနိုင်ပါ့မလား စပါးနဲ့ပဲတီစိမ်းဘယ်ဟာစိုက်သင့်သလဲ

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 449,403 လွန်ခဲ့သော ၁ နှစ် က

စပါးစိုက်မယ်ဆိုရင်လည်း အထွက်နှုန်းကောင်းအောင်ထိကို ရင်းနှီးမြှုပ်နှံဆောင်ရွက်နိုင်မှ အမြတ်ကျန်ပါမယ်ဗျ၊စပါးမထွက်ရင်တော့ စပါးရိတ်ခနဲ့တင်ကို စပါးထွက်တဲ့သူနဲ့ယှဉ်ရင်ကို ရှုံးနေပါပြီဗျ၊ ပြီးတော့ မိမိစိုက်ပျိုးတဲ့စပါးမျိုးကလည်း ဈေးကွက်ရှိရဲ့လားဆိုတာသေချာလေးစဉ်းစားစေချင်ပါတယ်ဗျ၊ အရင်းနှီးနည်းနည်းပဲရှိတယ် ပဲတီစိမ်းလည်းစိုက်ပျိုးဖူးလို့ အမြတ်ရဖူးတယ်ဆိုရင်တော့ ပဲတီစိမ်းကို စိုက်သင့်တယ်လို့ထင်မြင်ယူဆပါတယ်ဗျ။ဈေးအတက်အကျကတော့ ခန့်မှန်းရခက်ပါတယ်ဗျ။စက်တင်ဘာလကစပြီး ဓာတ်မြေဩဇာဈေးနှုန်းများကိုတော့ ၂၅%လျော့ချပေးမယ်လို့ ‌‌အသံများတော့ ထွက်နေပါတယ်ဗျ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

စိုက်ပျိုးရေးပညာရှင်ညီအစ်ကိုတို့ခင်ဗျာ ကျွန်တော့ကစပါးပြီးရင်မတ်ပဲကိုနှစ်တိုင်းစိုက်နေကြပါခင်ဗျ ခုနှစ်တော့ပဲတီ...

ဖြေကြားချက် 1 ခု

မွေးမြူရေးတစ်ခါ မှ မလုပ်ဖူးပါ မွေးမြူရေးလုပ်ချင်လို့ပါ ကြက်/ ဘဲ/ နွား စိတ်ဝင်စားပါသည်။ ဘယ်ဘာပိုပြီးလုပ်ရင် အ...

ဖြေကြားချက် 1 ခု

CPနဲ့ဖက်စပ်စာချုပ် အသားစားကြက်မွေးမြူရေးက ဘာတွေလိုအပ်ပါသလဲ အရင်အနှီးဘယ်လောက်ကစလုပ်လို့ရပါသလဲ

ဖြေကြားချက် 1 ခု

ခရမ်း င​ရုတ် နှစ်မျိုးထဲမှာ ဘယ်မျိုးကို စီးပွားဖြစ် စိုက်ဖို့ သင့်​ေတာ်မလဲ ဗျ ဘယ်မျိုးက အကျိုးမြတ် ပိုရနိုင်မ...

ဖြေကြားချက် 1 ခု

ဒီနှစ်ဆောင်းသီးနှံ ပဲတီစိမ်း ဘိုကိတ် စပါး ဘယ်သီးနှံကပိုပြီးစျေးကောင်းနိုင်ပါ့မလဲ

ဖြေကြားချက် 4 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။