အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
9,768
လွန်ခဲ့သော ၁ နှစ် က · ချောက်

ဆရာပြောတဲ့အနည်းလိုအဟာရက အခုပြထားတဲ့ဆေးလားဗျ အဲ့ဆေးမှန်ရင်လဲ ဘယ်နှစ်ဇွန်းဖျန်းရမလဲဆျာ မနေ့ကတော့ အမိုင်နိုနဲ့...

ဆရာပြောတဲ့အနည်းလိုအဟာရက အခုပြထားတဲ့ဆေးလားဗျ အဲ့ဆေးမှန်ရင်လဲ ဘယ်နှစ်ဇွန်းဖျန်းရမလဲဆျာ မနေ့ကတော့ အမိုင်နိုနဲ့ ပွင့်သီးရှယ် ဖျန်းထားပါတယ်ဆရာ

အပင်အာဟာရ ခရမ်းချဉ် ခရမ်းချဉ်ရွက်ဖျန်း‌မြေဩဇာ
Post image
Post image

ဖြေကြားချက် ၄ ခု

348,948 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

ဦးကြီးရေ ဟိုနေ့ကသားတက်ဖဲ့နည်းနဲ့ပက်သက်ပြီးမပြည့်မစုံဖြစ်သွားလို့ အခုထပ်ဖြေကြားပေးလိုက်ပါတယ် သားတက်မဖဲ့ခင် ကိုယ်စိုက်ထားတဲ့မျိုးက ပင်ပုမျိုး/တိုင်လွတ်မျိုး လား၊ ဒါမှမဟုတ် ပင်ရှည်မျိုး/ တိုင်ထောင်မျိုးလား အရင်သိရပါမယ်။ သားတက်ဖဲ့တာကိုတော့ တိုင်ထောင်မျိုးတွေမှာ မဖြစ်မနေလုပ်ပေးသင့်ပါတယ်။ တိုင်လွတ်မျိုးတွေကတော့ မိမိမျိုး အနေအထားအရ လုပ်သင့်မလုပ်သင့် ဆုံးဖြတ်ပါ။ သားတက်ဆိုတာ ပန်းခိုင်တစ်ပါတည်းပါတတ်တဲ့ ဘေးကိုင်းဖြစ်ပါတယ်။ အဲ့ဒီသားတက်ကိုမပယ်ရင် အပင်ရဲ့ အဓိကပန်းခိုင်တွေမှာ အသီးသေးတာ၊ အသီးအရေအတွက်နည်းတာ၊ အသီးရင့်မှည့်ချိန်နောက်ကျတာ၊ ပိုး/ရောဂါကျလွယ်တာ၊ ဆေးဖျန်းရခက်တာ စတာတွေကြုံရတတ်ပါတယ်။ သားတက်ထွက်တဲ့အချိန်ကတော့ ပထမဆုံးပန်းခိုင်စထွက်တဲ့အချိန်မှာ ပင်စည်ကနေ သားတက်တွေထပ်ထွက်ပါတယ်။ အဲ့အချိန်မှာ အဓိကဖဲ့ပေးဖို့လိုပါတယ်။ နောက်တစ်ခုကတော့ လေဝင်လေထွက်မကောင်းရင် အရွက်ညှပ်ပေးတာ၊ ထိပ်ဖြတ်တာ လုပ်ပေးနိုင်ပါတယ်။ အဲ့ဒီလုပ်ငန်းစဥ်တွေအားလုံးကလည်း သားတက်ဖဲ့တဲ့အထဲမှာ ပါပါတယ်။

9,768 လွန်ခဲ့သော ၁ နှစ် က

အပေါ်ကအဖြေကိုမရှင်းဘူးဖြစ်နေတာ နောက်၇ ရက်နေရင်အမိုင်နိုတစ်မျိုးပဲ ဖြန်းရမယ် အလိုလားဆရာ

9,768 လွန်ခဲ့သော ၁ နှစ် က

ဟုတ်ကဲ့ပါဆရာခင်ဗျ ကျေးဇူးအထူးတင်ပါတယ်ဗျ

348,948 လွန်ခဲ့သော ၁ နှစ် က

ဟုတ်ပါတယ်ဗျ၊ မနေ့ကမှဖျန်းထားတယ်ဆိုလည်း နောက်၇ရက်လောက်နေမှဖျန်းပါဗျအမိုင်နိုနှင့် အနည်းလိုအဟာရကိုပဲတွဲဖျန်းစေချင်ပါတယ်ဗျ၊ ပွင့်သီးရှယ်လို အချိုးများများပါတဲ့ဆေးတွေကို သီးသန့်ပဲဖျန်းစေချင်ပါတယ်ဗျ၊ ဆေးနှုန်းထားကတော့ အထုပ်မှာပါဝင်ပါတယ်ဗျ၊ အပငမအတွက် ဆေးဖိစီးမှုဒဏ်မခံရအောင်အမိုင်နိုအက်စစ်အားဆေးသီးသန့်ပဲဖျန်းလိုက်ပါတော့ဗျ၊ ဆေးတွေအရမ်းများနေတော့ ‌အပင်ကခံနိုင်ရည်မရှိမှာစိုးလို့ပါဗျ

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။