ဖြေကြားချက် ၁ ခု
တီလားပီးယားငါးမျိုးစိတ်သည် တိုင်းရင်းငါးမျိုးစိတ် မဟုတ်ပါ။ တီလားပီးယားငါးသည် ကန်အတွင်း ရေအလွှာစုံတွင် နေထိုင်ပြီး အစုံစားသော ငါးမျိုးဖြစ်ပါသည်။ ရာသီဥတုအကြမ်းခံပြီး ရေတွင်ပျော်ဝင်အောက် စီဂျင်နည်းပါးပါကလည်း နေထိုင်နိုင်သောငါးမျိုးဖြစ်ပါသည်။ တီးလားပီယားငါးတစ်မျိုးတည်းမွေးမြူပါက တနှစ်အတွင်း(တနှစ်အတွင်း၂ကြိမ် ကန်ဖော်နိုင်ပြီး အစာကိုစနစ်တကျကျွေးမွေးပါက ကြီးထွားနှုံး ကောင်းမွန်သော ငါးမျိုးဖြစ် သောကြောင့် တီလားပီးယားငါး အစာကျွေးခြင်း စနစ်အားတင်ပြအပ်ပါသည်။ တီလားပီယားငါးမျိုးစိတ်သည် သဘာဝအစာဖြစ်သော အပင်မျှောလှေးနှင့်အကောင်မျှောလှေးများ ကို ကြိုက်နှစ်သက်ပါသည်။ ထို့ကြောင့် ရေအရောင် အစိမ်းရင့်ရောင်တွင်မွေးမြူပါက ပိုမိုကောင်းမွန်ပါသည်။ ဖြည့်စွက်စာအဖြစ်ကျွေးပါက ပရိုတိန်း ၂၅ ရာခိုင်နှုံးအထက်ပါသောအစာတောင့်ကိုကျွေးပါက ကြီးထွားနှုံး ကောင်းမွန်ကြောင်းတွေ့ရပါသည်။ အထက်ပါအတိုင်းအစာကိုစနစ်တကျကျွေးပါက ကန်ကြပ်စနစ်မွေးမြူပါကလည်း အောင်မြင်ဖြစ် ထွန်းနိုင်ပါသည်။
ဆက်စပ်မေးခွန်းများ
ငါးအစာအတွက်မြက်ချဥ်ထည့်နည်းသိချင်ပါတယ်ခင်ဗျာ ဘာပစ္စည်းများလိုအပ်ပါသလဲခင်ဗျာ
ဖြေကြားချက် 0 ခု
ဆရာခမျာ့ကျနော်ငါခူအဆားအတွက်အဆာဆပ့်နည်လေးသိ့ချင်ပါတယ်
ဖြေကြားချက် 2 ခု
ငါးကိုရော ဖိုက်ဘာတိုင်ကီနဲ့မွေးလို့ရလားဗျ ငါးပြေမ မွေးချင်လို့ပါဖိုက်ဘာတိုင်ကီက ရှိထားလို့ပါ အရင်က ရေကန်လုပ်...
ဖြေကြားချက် 1 ခု
ကြက်သွန် ဥစမ်းကွဲတာ ဘာဆေးတိုက်ရမလဲဆရာတို့
ဖြေကြားချက် 1 ခု
နွားဝစေရန်
ဖြေကြားချက် 2 ခု