အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
232
လွန်ခဲ့သော ၁၁ လ က · ပြည်

မြေသြဇာပေးပြီးလေးရက်လောက်မှာအဲလို့ဖြစ်နေလို့ဘာဖစ်တာလည်းဗျ အသီးအားကလည်းတက်မလာဘူး

အပင်အာဟာရ ခရမ်းသီး မြေသြဇာလောင်ခြင်း
Post image

ဖြေကြားချက် ၆ ခု

348,957 လွန်ခဲ့သော ၁၁ လ က
ဤအဖြေဖြင့် ပြေလည်

မြေဩဇာကျွေးနည်းလည်းမှန်ကန်ပြီး မြေဩဇာလောင်တာမဟုတ်ဘဲ အရွက်ဝါခြင်းမရှိဘဲ တစ်ပင်လုံးအစိမ်းတိုင်းညှိုးနေတယ်ဆိုရင်တော့ ဘက်တီးရီးယားပင်းညှိုးရောဂါ(Bacterial wilt)ဖြစ်နိုင်ပါတယ် Copperoxychloride, Oxolinic Acid, BISMERTHIAZOL,အသေအပျောက်နည်းအောင်ဆေးတစ်မျိုးမျိုးဖျန်းပေးပါဗျ

348,957 လွန်ခဲ့သော ၁၁ လ က
ဤအဖြေဖြင့် ပြေလည်

မြေဩဇာကျွေးရာမှာနှုန်းထားများသွားတာမျိုးဖြစ်နိုင်မလားစဉ်းစားပါ မြေဩဇာကျွေးရာမှာအပင်ခြေနားကပ်ပြီးပုံကျွေးမိတာမျိုးဖြစ်နိုင်မလားစဉ်းစားပါ မြေဩဇာကို အပင်ခြေကပ် ကျွေးမိရင်အမြစ်များမြေဩဇာလောင်ပြီး အပင်ကိုညှိုးစေနိုင်ပါတယ်ဗျ။ အမြစ်မွှားများသည် ရေနှင့်မြေဩဇာကို အဓိက စုပ်ယူစားသုံးသည်။ မြေပေါ်သို့ ဓာတ်မြေသြဇာများကို ကြဲပက်ကျွေးခြင်းသည် လေလွင့်ဆုံးရှုံးမှုများစေခြင်း၊ အပင်၏အမြစ်များမှ ထိရောက်အောင် စားသုံးနိုင်မှုမရှိသဖြင့် ကြဲပက်ကျွေးခြင်း မပြုလုပ်သင့်ပါ။ အမြစ်များနှင့်ဓာတ်မြေဩဇာကို အနီးကပ် မထိစေရန် ပုံတွင်ပြထားသည့်အတိုင်း အမြစ်မွှားများအစွန်း တနည်းအားဖြင့် ပင်စည်မှ (၈) လက်မ အကွာတွင် မြေထဲ (၃)လက်မအနက်ထိရောက်အောင် မြေဩဇာထည့်ပါ။ မှတ်ချက် - မည်သည့်အပင်ကိုမဆို အမြစ်ခြေသို့ ပြေဩဇာထည့်ပေးခြင်းကို ရှောင်ပါ။ အပင်လောင်တတ်သည်။ မြေဩဇာများကျွေးပြီးလျှင်ပြီးချင်း ရေသွင်းပေးပါ။

348,957 လွန်ခဲ့သော ၁၁ လ က

ရေပြန်ပေးလို့ရပါတယ်ဗျ၊ အလွန်အကျွံ့‌မပေးမိဖိုါနဲ့ အပင်ခြေရေမဝပ်စေရန်ဂရုစိုက်ပါဗျ

117 လွန်ခဲ့သော ၁၁ လ က

ဘက်ထရီးယားပင်ညိုးဆိုရြေဖတ်ထားတလေးငါူရက်ရြှိပီမို့ရေလောင်းလို့အဆင်‌ေြပနိုင်လား

အတည်ပြုပြီး 22,958 လွန်ခဲ့သော ၁၁ လ က

မြေသဇာလောင်တာဖြစ်နိုင်တယ်

232 လွန်ခဲ့သော ၁၁ လ က

မြေသြဇာပေးပြီးတန်းရေသွင်းပြီးအရေပျော်အောင်လည်းလုပ်ထားတာအပင်ကစိမ်းလာတယ် ၄ရက်မြောက်တောမှအဲလို့ဖစ်တာ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။