အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,031
လွန်ခဲ့သော ၁၁ လ က · ရေစကြို

စပါးပင်အောက်‌ခြေကအရွက်တွေ အဲ့လိုခြောက်နေလို့‌‌ဗျ ပုံမှန်ပဲလား‌ ဘာဖြစ်တာလဲဗျ

ပိုးမွှားရောဂါ စပါး စပါးရွက်ဖုံးခြောက်ရောဂါ
Post image
Post image
Post image

ဖြေကြားချက် ၁ ခု

349,542 လွန်ခဲ့သော ၁၁ လ က

ပထမပုံရဲ့ အပင်ခြေမှာကပ်နေသော အဖြူရောင်လေးတွေက စကယ်လိုရှားမှိုအလုံးငယ်တွေဆိုရင်တော့ စပါးရွက်ဖုံးခြောက်ရောဂါ(Sheath Blight)ကျနေတာပါခင်ဗျာ (၃) ရောဂါပိုးအမည် ‒ ရွက်ဖုံးခြောက်ရောဂါ ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒ Rhizoctonia solani ကာကွယ်နှိမ်နှင်းနည်း ကောက်ပင်စိပ်လွန်းစွာ မစိုက်သင့်ပါ။ရောဂါ ကျရောက်ဖူးသော မြေတွင် နိုက်ထရိုဂျင်ဓါတ်ပါသော မြေသြဇာလွန်ကဲစွာ မကျွေးရ၊ လိုအပ်ပါက အကြိမ်ခွဲ၍ထည့်သွင်းပါ။ ပဲမျိုးရင်းဝင် သီးနှံဖြင့်သီးလှည့်စိုက်ခြင်းသည် ရောဂါဖြစ်စေနိုင်မှု နည်းစေပါသည်။ရောဂါကျ ပင်ကြွင်းပင်ကျန်ဖယ်ရှားကာ စုပုံမီးရှို့ပါ။(သို့)ထယ်နက်နက်ထိုး၍ မြေမြှုပ်ပစ်ပါ။မြေကိုအနည်းဆုံး တစ်လပေါင်းမြက်ရှင်းလင်းစေပြီး အစိုဓါတ်ရှိသော အခြေအနေတွင် မြေလှပ်ထားပါ။ရောဂါစတင်တွေ့လျှင်တွေ့ခြင်း အောက်ပါမှိုသတ်ဆေးများ ပက်ဖျန်းအသုံးပြုပါ။ (က) Azoxystrobin (အဇိုစီစတိုဘင်) (ခ) Hexaconazole ( ဟက်ဆာကိုနာဇိုး) (ဂ) Propiconazole (ပရိုပီကိုနာဇိုး) (ဃ) Thiophanate methyl (သိုင်အိုဖာနိတ်မီသိုင်း) (င) Validamycin (ဗလစ်ဒါမိုင်ဇင်) (စ) Chlorothalonil (ကလိုရိုသာလိုနေး)

You

ဆက်စပ်မေးခွန်းများ

အမိုနီယံဆာလဖိတ် နဲ ၁၅ ပတ်လည်ကို ရောပတ်တာ တစ်ပတ်လောက်ရှိပီ အပင်ကအရောင်မပြောပဲ အဖျားခြောက်ပီးဝါနေတယ် အထူးသဖြင့်...

ဖြေကြားချက် 1 ခု

စပါးမှာဘာရောဂါကျနေတာလဲဗျ ဆေးညွှန်ပေးကြပါအူးဆရာတို့

ဖြေကြားချက် 2 ခု

စပါးကြဲသားခင်းပါဗျ တစ်လသားတော့ရှိပါပြီဗျ ဝက်လက်နယ်ကပါ စပါးခင်းတွေမှာ အဲလိုဖြစ်နေလို့ ဘယ်လိုလုပ်ရမလဲဗျ ဘာရောဂါ...

ဖြေကြားချက် 1 ခု

မင်္ဂလာပါ ဆရာများခင်ဗျာ ကျွန်တော် တို့ ဘက် အခင်းတိုင်းလိုလို ပုံကလို ဖြစ်နေလို့ပါ ရောဂါ လား ပုံမှန်ဘဲလား ဗျ...

ဖြေကြားချက် 3 ခု

စပါးပင်မပွားပဲ ဝါနေလို့ပါ ဘယ်ဖြစ်တာလဲဗျ ဘာမြေသြေဇာသုံးရမလဲဗျ အကြံပြုပေးပါအုံး ခင်ဗျာ

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။