အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
61
လွန်ခဲ့သော ၁၁ လ က · ဇေယျာသီရိ

သင်္ဘောသီး ဒီလက္ခနာက ဘာကြောင့်ဖြစ်တာလည်း အပွင့်ငယ်စဥ်မှာ အပေါ်အပွင့်တွေက ဘာကြောင့်အကုန်လုံးနီးပါးကြွေကုန်ရတာ...

သင်္ဘောသီး ဒီလက္ခနာက ဘာကြောင့်ဖြစ်တာလည်း အပွင့်ငယ်စဥ်မှာ အပေါ်အပွင့်တွေက ဘာကြောင့်အကုန်လုံးနီးပါးကြွေကုန်ရတာလည်း ဖြေပေးကြပါအုန်းဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
စိုက်ပျိုးစီးပွား သင်္ဘော သင်္ဘောပင် အသီးမတင်ခြင်း
Post image
Post image
Post image

ဖြေကြားချက် ၄ ခု

အတည်ပြုပြီး 22,958 လွန်ခဲ့သော ၁၁ လ က

ခြောက်သွားတဲ့အပွင့်တွေကအဖိုပွင့်​ကေ်အမပွင့်ပါလာအောင်ဖေ့်စဖိတ်မြေသဇြာထည့်ပေးပါ

အတည်ပြုပြီး 1,116,097 လွန်ခဲ့သော ၁၁ လ က

အဖြူဥလေးတွေ က၊အာဟာရဓာတ် ဆုပ်ယုတ်စေပါတယ်။ ‌အရွက်နုလေးတွေပါ တွန့်တတ်ပါတယ်။အဘာမက်တင်၊ကလိုဖန်နပျာ၊ပိုင်ရီဒါဘင် ကဲ့သို့ စုပ်စားပိုး ကာကွယ်ဆေးများဖျန်းပါ။ ပိုတက်စီယံ၊ကယ်လစီယံ၊ပါသော ‌ေါဩဇာများကျွေးပါ။

242 လွန်ခဲ့သော ၁၁ လ က

နိုက်ထရိုဂျင်အဟာရ ချို့တဲ့တာ ဒါမှမဟုတ် များလွန်းရင်လည်း ဖြစ်တတ်ပါတယ်။ နောက်တစ်ခုကတော့ ဘိုရွင်နဲ့ ကယ်ဆီယမ်ဓာတ် ချို့တဲ့ရင်လည်း ဖြစ်နိုင်ပါတယ်။

349,542 လွန်ခဲ့သော ၁၁ လ က

ပန်းပွင့်များကိုလှေးပိုး သို့ ပျပိုးဖျက်စီးတာဖြစ်နိုင်ပါတယ်ခင်ဗျ၊ လှေးပိုးရှိမရှိပန်းပွင့်ထဲကိုရှာကြည့်ပါဗျ၊ပျပိုးရှိမရှိ အပင်အရွက်တွေပင်စည်တွေမှာရှာကြည့်ပါဗျ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။