ဖြေကြားချက် ၄ ခု
ဖျက်ပိုးဥသေချာလို့လားဗျ သေချာစစ်ဆေးစေချင်ပါတယ်၊မွှားပင့်ကူနီကျရင်လည်း အဲ့လိုအဖြူရောင်အစက်အပြောက်လေးတွေတွေ့ရတတ်တာကြောင့် ဖျက်ပိုးရှိမရှိစစ်ဆေးပါ၊ မွီားပင့်ကူရှိပါက Spiromesifen , Abamectin, Pyridaben ဆေးတစ်မျိုးမျိုးဖျန်းပေးနိုင်သည်။သို့မဟုတ် ဆောင်းရာသီဒီကာလမှာဖားဥမှိုရောဂါလည်းကျနိုင်ပါတယ် အရွက်မျက်နှာပြင်မှာ အဖြူအမှုန်များတွေ့ရပြီးနောက်ရောဂါပြင်းထန်လာလျှင်ညိုမဲခြောက်သွားတတ်တယ်ဆိုရင် ဖားဥမှိုရောဂါလည်းဖြစ်နိုင်ပါတယ်၊ မိမိကိုယ်တိုင်သေချာစစ်ဆေးပါဗျ။ဖားဥမှိုရောဂါကာကွယ်ရန် ဘော်ဒိုမစ်ချားသို့မဟုတ်Sulphur ,Mancozeb , Chlorothalonil ဖျန်းပက်ကာကွယ်နိုင်သည်။ ကုသရန် Hexaconazole, Tebuconazole, Propiconazole, Myclobutanil တစ်မျိုးမျိုးဖျန်းပေးနိုင်သည်
ဒီအဖြူဥလေးတွေကို ကွမ်းအပါအဝင်၊သေင်္ဘာပင်မှာလည်းတွေ့နေရတယ်။ ပုံသဏ္ဌန်မပြောင်းလဲခြင်း၊လှုပ်ရှားမှုမတွေ့ရခြင်း၊မျိုးပွားမှုမတွေ့ရခြင်းတို့ကြောင့် သက်မဲ့တမျိုးလို့ယူဆကြပါတယ်။သို့သော် သူတို့ရှိတဲ့နေရာမှာ အမဲစက်ဖြစ်သွားတယ်၊အပင်အားနည်းသွားတာတွေ့ရပါတယ်။ သစ်ရည်စုပ် pestတခုခုဖြစ်နိုင်ပါတယ်။(ရေ သို့မဟုတ် အဘာမက်တင်/အဆီတာမီပရစ်)ဖျန်းရင်ပျောက်ပါတယ်။
ဆက်စပ်မေးခွန်းများ
ကွမ်းမှာဖားဥမှိုနဲ့ပိုးစေးနှဲဘယ်လိုခွဲလဲဗျ
ဖြေကြားချက် 2 ခု
အရွက်မှာဖားဥ ကြနေလိုဘာ ဆေးဖျန်းရမလည်း သဘာဝဆေးလေး သိချင်ပါတယ်
ဖြေကြားချက် 10 ခု
C:N ratio မြင့်တဲ့ သစ်မာသားလွှာစာသက်သက်ကို အဆွေးခံဖို့ မြေးဆွေးလုပ်ဖို့ အကောင်းဆုံးနည်းလမ်းက ဘယ်လိုမျိုးဖြစ်မ...
ဖြေကြားချက် 1 ခု
ကွမ်းနုဝါ အရွက်ထွက်များအောင် ဘာဆေးသုံးသင့်လဲ
ဖြေကြားချက် 1 ခု
ဖရုံသီး၊သေင်္ဘာသီး၊ငှက်ပျောသီနဲ့ ပြုလုပ်တဲ့ emက အပြင်းလား။ ဒါမှမဟုတ် သူ့ဆီပဲ သတ်သတ်ဖျန်းရတဲ့ အသင့်သုံး emလား...
ဖြေကြားချက် 4 ခု