အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
361
လွန်ခဲ့သော ၁၀ လ က · မင်းလှ

မတ်ပဲ ၁၅ ရက်သားရှိပါပြီ ဂုတ်ကျိူးပြီးသေလို့ မိူဆေးဖြန်းရင်ဘယ်အေအိုင်ကိုဖြန်းသင့်သလဲဆိုတာ ဖြေကြားပေးပါ ဆရာ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၁၅ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့် တိမ်ထူထပ်ပြီး မိုးရွာ အများအားဖြင့်တိမ်ထူထပ်ပြီး မိုးရွာ
ပိုးမွှားရောဂါ မတ်ပဲ မတ်ပဲခါးရိရောဂါ

ဖြေကြားချက် ၄ ခု

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၁၀ လ က
ဤအဖြေဖြင့် ပြေလည်

မက်တလက်ဇီး+မန်ကိုဇက် ၂:၄ဖျန်းနိုင်ပါတယ်

348,957 လွန်ခဲ့သော ၁၀ လ က

ရောဂါဒဏ်ခံနိုင်သောမျိုးကို ရွေးချယ်စိုက်ပျိုးပါ 🌱 သီးနှံမစိုက်ပျိုးမီ မဖြစ်မနေ ထည်ထိုး၊ထွန်မွှေပေးပါ 🌱 သဘာဝမြေဩဇာများကို အသုံးပြုပါက ကောင်းစွာဆွေးမြေ့နေသော သဘာဝမြေဩဇာများကိုသာ အသုံးပြုပါ 🌱စိုက်ခင်းကို ရေမဝပ်ပါစေနဲ့ 🌱 နိုက်ထရိုဂျင် (ပုလဲ) မြေဩဇာကို ပမာဏများများကျွေးခြင်းမှ ရှောင်ကျဉ်ပါ 🌱 ရောဂါကျရောက်လာပါက ရောဂါရအပင်များကို ဖယ်ရှားဖျက်ဆီးပါ 🌱 ပဲတီစိမ်း၊မတ်ပဲ မစိုက်မီ မျိုးစေ့ကို မျိုးစေ့လူးနယ်ဆေးတစ်မျိုးမျိုးဖြင့် လူးနယ်စိုက်ပျိုးပါ။ ပဲတီစိမ်း၊မတ်ပဲစိုက်ခင်းတွေမှာ ခါးရိရောဂါ စတင်ဖြစ်ပွားပါက (၁) အဇိုဆီစထရိုဘင် (Azoxystrobin) (၂) ဟိုင်မန်ဇာဇိုး (Hymexazol) (၃) ဖော့စတိုင်း-အေအယ်လ် (Fosetyl-Al) (၄) ကက်ပ်တန် (Captan) စတဲ့ ဆေးအဆိပ်ပါတဲ့ မှိုသတ်ဆေးတစ်မျိုးမျိုးကို အညွှန်းအတိုင်း အသုံးပြုပေးနိုင်ပါတယ်။ Foestyl -Al, Hymexazolတစ်မျိုးမျိုး ကို အပင်ခြေမြေကြီးစိုရွှဲအောင်ဖျန်းပေးသင့်ပြီး Azoxystrobin ကိုတော့အပင်အပေါ်ပိုင်းတစကြိမ်လောက်ဖျန်းပေးနိုင်ရင် အသေအပျောက်နည်းနိုင်ပါတယ်၊

361 လွန်ခဲ့သော ၁၀ လ က

ခါးရိပြီးတော့လည်းသေပါတယ်ဆရာ မန်ကိုဇတ် ဖြန်းလို့ရလား

348,957 လွန်ခဲ့သော ၁၀ လ က

မတ်ပဲပင်သေတာအကြောင်းအရင်များစွာရှိပါတယ်၊ အပင်ငယ်စဉ်မှာဂုတ်ကျိုးတာမဟုတ်ဘဲ မြေဆောင်မှိုကြောင့် ခါးရိရောဂါကျတာလည်းဖြစ်နိုင်ပါတယ်သို့မဟုတ် ပင်စည်ထိုးယင်ရှိမရှိသေတဲ့အပင် ပင်စည်ခွဲကြည့်သင့်ပါတယ်၊အခြားရောဂါတွေကြောင့်လည်းဖြစ်နိုင်ပါတယ်၊ပုံမြငါရရင်တော့ ဖြေကြားပေးရပိုအဆင်ပြေပါမယ်ဗျ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတ်ပဲအပင်ငယ်စဉ်မှာဖြစ်တဲ့မြစ်ခြောက်ဆွေးခါရိစတဲ့မှိုရောဂါတွေကိုနိုင်တဲ့ဆေးအေအိုင်အမည်များကိုသိပါရစေဆရာသုံးစွဲရ...

ဖြေကြားချက် 1 ခု

မတ်ပဲအပင်လေးတွေခါရိပြီးလည်လိန်နေတယ်ဆရာရိုးပြတ်အာက်မှာလည်းရအနည်းငယ်ရှိနေသးတယ်ပဲပင်ဆက်မသေအောင်ဘာ‌ဆေးဖျန်းရမလဲဆရာ...

ဖြေကြားချက် 1 ခု

အပင်ခါးရိပြီးတဖြည်းဖြည်းနွမ်းပီးသေတယ် အဲဒါဘာဆေးသုံရမလဲပြောပေးပါအုံး

ဖြေကြားချက် 2 ခု

မတ်ပဲပင်ခါးရိရောဂါမြစ်ခြေက်ဆွေးရောဂါပင်စဥ်ပုတ်ရောဂါအတွက်ဘယ်မှိုသတ်ဆေးသုံးသင့်ပါလည်းဘယ်လိုAiပာတဲ့မှိုသတ်ဆေးကထိ...

ဖြေကြားချက် 2 ခု

မတ်ပဲက 18 ရက်သားရှိနေပါပြီ ထယ်ရေးမွှေပြီး မျိုးစေ့လူးနယ်ဆေးနဲ့ စိုက်ထားပါတယ် အခုကပုံပါအတိုင်းဖြစ်နေလို့ပါ...

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။