အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၇ ခု

349,542 လွန်ခဲ့သော ၁၀ လ က

ကောင်းနိုင်ပါတယ်ဗျ၊

190 လွန်ခဲ့သော ၁၀ လ က

ပြန်ကောင်းနိုင်လားဗျ

အတည်ပြုပြီး 1,116,097 လွန်ခဲ့သော ၁၀ လ က

chlorothalonil and mancozeb အတွဲ ရောဖျန်းစဉ်မှာ အပူချိန် ၃၂ဒီဂရီ စင်တီဂရိတ်ထက်များရင်၊အပင် ထိပ်ပိုင်းအညွန့်လေးတွေ ထိခိုက်နိုင်ပါတယ်။ အဓိက၊ကတော့မန်ကိုဇက်ပါ။

190 လွန်ခဲ့သော ၁၀ လ က

ကျေးဇူးပါ ဗျ

349,542 လွန်ခဲ့သော ၁၀ လ က

ဖားဥမှိုရောဂါကျရင် အလယ်ကဗူးမှာပါဝင်တဲ့ Azoxystrobin +Chlorothalonil ဖျန်းရုံဖြင့် ပျောက်ကင်းနိုင်ပါတယ်ဗျ၊Mancozebက ဖားဥမှိုရောဂါကုသရာမှာထိရောက်မှုနည်းပါတယ်ဗျ၊ အလယ်ကဗူးက EC ပုံစံဖြစ်ပြီး Mancozeb က အမှုန့်ပုံစံဖြစ်တာကြောင့် ရောစပ်ရာတွင် အခန့်မသင့်ရင် အပင်လောင်တတ်ပါတယ်ဗျ၊ဆေးဖျန်းပြီးမှဖြစ်သွားတယ်ဆိုရင် ဆေးလောင်တာဖြစ်နိုင်ပါတယ်၊မှိုဆေးဖျန်းတာ၂ရက်လောက်ပဲကြာသေးတယ်ဆိုရင် အပင်ပေါ်ကရေဖြင့်ဆေးချပေးပါ၊ပြီးနောက် Amino acid+အနည်းလိုအဟာရအားဆေးဖျန်းပေးပါ။ နောက်သီးနှံဆေးလောင်ခြင်းမျိုးမဖြစ်ရအောင်ပါဝင်ပစ္စည်း ၂မျိုးထက်ပိုပြီးရောစပ်ပက်ဖျန်းခြင်းမျိုးမပြုလုပ်သင့်ပါဘူးဗျ၊ အရွက်တွန့်တာက စုပ်စားပိုးတွေကြောင့်လည်းဖြစ်တတ်တာမို့ ဖျက်ပိုးရှိမရှိအရွက်အထက်၊‌ေအာက်မျက်နှာပြင် တွေမှာအမြဲစောင့်ကြည့်စစ်ဆေးပါဗျ။

190 လွန်ခဲ့သော ၁၀ လ က

အရွက်တွန့်လိပ်နေတာကိုဗျ ဖားဥမှိုဖြစ်နေတာဆေးဖျန်းပြီးအခုလိုဖြစ်နေတာဗျ ဖျန်းတာက. အလယ်တစ်ဗူး40စီစီနဲ့ mancozeb တွဲဖျန်းတာပါ ဆေးများသွားလို့လားဗျ

349,542 လွန်ခဲ့သော ၁၀ လ က

အဖြူရောင်အမှုန့်တွေကဆေးစက်အမှုန့်တွေလား၊ဖားဥမှိုရောဂါကျတာလား၊အရွက်တွေတွန့်လိပ်တာကိုမေးတာလား၊အပင်မှာဘာဖြစ်နေတဲ့အစိတ်အပိုင်းကို မေးချင်တယပါလဲပြန်ဖြေထားပေးပါဦးဗျ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။