အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Hlaing Min Tun
လွန်ခဲ့သော ၁၀ လ က · ကျုံပျော်

ရက်၃၅သား အပွင့်စ နေလို့ ပွင့်ထွေး ကာကွယ်ရန် ပရိုဖိနုဖော့ ကို လက်နှပ် ဆေးဗုံး မလို့ မသိရောက်မှာ ဆိုးလို့ဝါးနဲ့ရှေ့က ဆွဲပြီး ဖြန်း လိုက်တယ် ဆရာတို့ အပင်အပေါ် ထိခိုက် မှု ရှိလား ပြီး တော့အပင်က အဆစ်ကြဲ ပြီး အပင်တွေကနု နေတယ် အပွင့်များများပွင့်အောင် အသိးအပွင့်ဆေး ဖြန်းမလို့ မှိုဆေးဖြန်း စရာလိုသေးလား ဘာဆေးတွေ ဘယ်လို ထပ်ဖြန်း ရမလဲ လမ်းညွှန် ပေးပါအုံး ဆရာတို့ 🙏🙏🙏🙏🙏

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၃၅ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အသီး အပွင့် တစ်ပင်လုံး အညွန့်
ရာသီဥတု (တစ်ပတ်အတွင်း)
နေသာ
ပိုးမွှားရောဂါ မတ်ပဲ မတ်ပဲပင်အာဟာရ
Post image
Post image
Post image
Post image
Post image
+၄

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 353,563 လွန်ခဲ့သော ၁၀ လ က
ဤအဖြေဖြင့် ပြေလည်

ပုလဲနှင့်လက်ချားဖျန်းချင်ပါက ဖျန်းပေးနိုင်ပါတယ်ဗျ၊ ရောစပ်နည်းကတော့သိမယ်ထင်လို့မပြောတော့ပါ။

သော်ဇင်
သော်ဇင် 353,563 လွန်ခဲ့သော ၁၀ လ က
ဤအဖြေဖြင့် ပြေလည်

အထက်ပါလုပ်ဆောင်နည်းလမ်းက အပင်တွေဒဏ်ရာရတဲ့အထိမထိခိုက်ရင် ဘာမှမဖြစ်ပါဘူးဗျ။ ပုံပါအရတော့ရောဂါကျလက္ခဏာမမြင်တွေ့ရသလို ရောဂါကျနိုင်ခြေတော့မမြင်ရသေးပါဘူးဗျ၊ မှိုဆေးတစ်ကြိမ်တစ်ခါမှအသုံးမပြုရသေးလို့ ဖျန်းချင်ရင်တော့ Mancozebဖျန်းပေးကာကွယ်နိုင်ပါတယ်။ 35ရက်နောက်ပိုင်းမှာပန်းစပွင့်ချိန်ဖြစ်လို့အပွင့်မလှိုင်သေးတာပါ P,Kအချိုးများအားဆေး၊သီးပွင့် ဟော်မုန်းအား‌ေဆးများဖျန်းပေးနိုင်ပါတယ်။ မှိုဆေးကတော့ရောဂါကျအပင်မမြင်ရလို့ မိမိဖျန်းချင်မှဖျန်းပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။